ဒီတစ်ခါမှာတော့ ထူးခြားဆန်းပြား အံ့သြဖွယ် အကြောင်းအရာများကိုနှစ်သက်ကြတဲ့ ပရိသတ်ကြီးအတွက် တရုတ်နိုင်ငံမှာရှိတဲ့ ကျားတောင်တန်းရွာ အကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ "Tiger Mountain Village"လို့ အမည်ရပြီး ဆောင်စန် "Xionsen"ကျားရွာမှာရှိတဲ့ ကျားမွေးမြူရေးခြံဟာ ကမ္ဘာပေါ်တွင် အငြင်းပွားဖွယ် အထင်ကရအဖြစ်ဆုံး မွေးမြူရေးခြံတစ်ခုဖြစ်ပါတယ်။

photo credit pngtree

အာရှဒေသတွင် တောအတွင်း လွတ်လပ်စွာ သွားလာ နေထိုင်နေကြတဲ့ ကျားကောင်ရေဟာ ၃၅၀၀ အောက်သာရှိတော့သဖြင့် ဆောင်စန်ကျားခြံက နိုင်ငံတကာ အသိုက်အဝန်းတွင် နှစ်အတန်ကြာကပင် စိုးရိမ်ဖွယ် ပြဿနာတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ ကျားကောင်ရေ လျော့ပါးလာနေခြင်း နှင့် ကျားခန္ဓာကိုယ် အစိတ်အပိုင်းများအား ရောင်းဝယ်နေမှုများဟာ ကျားမျိုးတုံးမှု ဆီသို့တဖြည်းဖြည်း ဦးတည်နေကြောင်း ကျွမ်းကျင်သူများက ယုံကြည်ထားချိန်တွင် လွန်ခဲ့သောနှစ်အထိ ဆောင်စန်ကျားခြံမှာ ကျားသား လာရောက်ဝယ်ယူမှုအား ခွင့်ပြုထားသဖြင့် နိုင်ငံတကာ၏ ဖိအားပေးမှုများကို ခံခဲ့ရပါတယ်။

photo credit pngtree

နိုင်ငံတကာမှ လှုပ်ရှားဆောင်ရွက် သူများက ကျားကုန်သွယ်မှု လုပ်ငန်းကို တရားဝင် ဖြစ်မလာစေရန် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆက်သွယ်နေပါတယ်။ ဆောင်စန်သို့ လာရောက်လည်ပတ်ကြခြင်းဟာ ထိတ်လန့်ဖွယ် အံ့မခန်းမှုများကို တွေ့ကြုံ ကြရမည်ဖြစ်သော်လည်း ကျားတောင်တန်းရွာသို့ သွားရောက်လည်ပတ်ခြင်းက ကျားမျိုးနွယ်ကွယ်ပျောက်သွားမည့်အရေးကို တစ်နည်း တစ်ဖုံ အထောက်အပံ့ ဖြစ်နေကြောင်း သတိထားကြဖို့ ဝေဖန်ပြောဆိုခဲ့ကြပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။