ပရိသတ်ကြီးရေ အကယ်ဒမီနန္ဒာလှိုင်ကတော့ ချစ်စရာသမီးလေးသုံးယောက်ကိုမွေးဖွားထားတဲ့ မိခင်တစ်ယောက်ပဲဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်တော့ဘဲ ချစ်ရတဲ့မိသားစုကိုသာ ဂရုစိုက်စောင့်ရှောက်ရင်း စီးပွားရေးကိုသာ ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်နော်။
ပရိသတ်တွေကတော့ နန္ဒာလှိုင်ကို ဟိုးအရင်တုန်းကလိုပဲအားပေးချစ်ခင်နေကြဆဲဖြစ်ပြီး သူမရဲ့မိသားစုလေးကိုလည်း ချစ်ကြပါတယ်။ဇေဝတီလှိုင် ဇေရတီလှိုင် ဇေမဒီလှိုင်တို့ညီအစ်မသုံးယောက်ကလည်း မေမေ့ရဲ့အလှအပတွေကို အကုန်ယူထားတာဖြစ်လို့ ချစ်မွှေးလေးတွေပါပြီး အရမ်းချစ်ဖို့ကောင်းကြပါတယ်။
အငယ်ဆုံးလေး ဇေမဒီလှိုင်ဆိုရင် အိမ်ရဲ့ဆည်းလည်းလေးဖြစ်ပြီး အတတ်ဆုံးလေးလည်းဖြစ်ပါတယ်နော်။အခုဆိုရင်တော့ ခရစ္စမတ်ကာလမှာ မဒီလေးက ခရစ္စမတ်အင်္ကျီလေးနဲ့ အရမ်းချစ်စရာကောင်းနေပြီး ပျော်ပျော်ရွှင်ရွှင်ကစားနေတဲ့ ပုံရိပ်လေးကိုမေမေနန္ဒာလှိုင်က ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit:Nandar Hlaing's Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။