ဆမ်ဆောင်းချစ်သူတွေကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားတဲ့ ပေါက်ကွဲစေတတ်တဲ့ Note 7ကို မှတ်မိကြမှာပါ။ ဘတ်ထရီပြသနာကြောင့်ဆိုပြီး ဖုန်းတွေကို ပြန်သိမ်းပြီး အသစ်ပြန်ပေးခဲ့တာတောင် ပြသနာကိုမဖြေရှင်းနိုင်တဲ့နောက်ဆုံးတော့....

ဆမ်ဆောင်း Note 7 ရဲ့ အစားထိုးဖုန်းတွေတောင် ပေါက်ကွဲလာတဲ့အချိန်မှာတော့ သုံးစွဲသူတွေရဲ့လုံခြုံရေးကိုထည့်သွင်းစဉ်းစားကာ Note 7 ကို အရောင်းရပ်လိုက်ပါပြီ။

နစ်နာတဲ့သူတွေကိုလည်း ပိုက်ဆံပြန်အမ်းတဲ့နည်းနှင့် ဖြေရှင်းသွားမယ်လို့လဲသိရပါတယ်။ Note 7 ကိုအရောင်းရပ်ခိုင်းလိုက်သော်လည်း Note 7 ကြီးပျောက်ကွယ်သွားမှာမဟုတ်ဘဲ ပြန်လည်ပြင်ဆင်မှုတွေနှင့်ပေါ်ထွက်လာဦးမယ်လို့ဆိုပါတယ်။

Apple ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ ဆမ်ဆောင်းတစ်ယောက် iPhone 7 ကို ကျော်ချင်လို့ Note 7 ထုတ်လိုက်ရာမှ ဖြစ်ပွားခဲ့တဲ့ပြသနာတွေဟာ ထိုကုမ္ပဏီရဲ့ သမိုင်းမှာတော့ အမဲစက်ကျန်ခဲ့မှာအသေအချာပါဘဲ။

Source: businessinsider

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။