ယခုနှစ် ၂၀၁၇ ခုနှစ် အကယ်ဒမီဆုပေးပွဲကြီးကတော့ အရှိန်အဟုန်ပြင်းမှာ အသေအချာပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီနှစ်မှာ ဒိတ်ဒိတ်ကြဲ နာမည်ကြီးမင်းသမီးများစွာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေများနေလို့ပါပဲ။

ပထမဆုံးအနေနဲ့ ထပ်ဆင့်အကယ်ဒမီ ဖွေးဖွေး ပါဝင်သရုပ်ဆောင်ထားတဲ့ "ရွှေကြာ" ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဝတ္ထုမှာကတည်းက အတော်လေးပေါက်ခဲ့တာဖြစ်ပြီး ဒီဇာတ်လမ်းနဲ့ ဖွေးဖွေးဟာ အကယ်ဒမီရနိုင်ပါတယ်။ နောက်တစ်ကားကတော့ နာမည်ကြီး မင်းသမီး ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည် ပါဝင်ထားတဲ့ "ကျွန်" ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ပုဂံပြည်ရဲ့ အလှကိုနောက်ခံထားပြီး အဆင့်အတန်းခွဲခြားမှုတွေအကြောင်း ရိုက်ထားတဲ့ ဇာတ်ကားကောင်းတစ်ဦးဖြစ်တာမို့ ဒီဇာတ်ကားရဲ့ အဓိကမင်းသမီး ကစ်ကစ်လည်း အကယ်ဒမီရနိုင်ပါတယ်။

"ထီးကလေး မလုံ့တလုံ့" ဒီဇာတ်ကားလေးကတော့ နာမည်ကြီး စာရေးဆရာမတစ်ဦးရဲ့ ဝတ္ထုဖြစ်ပြီး ဂျပန်ဘာသာပြန်ဆို ပုံနှိပ်ရတဲ့အထိ အောင်မြင်ခဲ့တာပါ။ ဒီဇာတ်ကားနဲ့ ပတ်သတ်ပြီး ပရိသတ်တွေက အများကြီး မျှော်လင့်ခဲ့ကြသလို ပရိသတ်မျှော်လင့်ချက်နဲ့ ထပ်တူကျစေခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အေးမြတ်သူ က "ကြွေ" ဆိုတဲ့ ဇာတ်ကောင်က ပါဝင်ထားပြီး သူမဟာလည်း ဒီဇာတ်ကားနဲ့ အကယ်ဒမီ ရနိုင်ပါတယ်။ နောက်တစ်ဦးကတော့ ရွှေမှုန်ရတီပါ။ "မာယာစတိုင်" "ချိုမြိန်သော လက်စားချေခြင်း" "ဝိညာဉ်ကကြိုး" စတဲ့ ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဒီနှစ်အကယ်ဒမီဟာလည်း သူမအတွက်ဖြစ်လာနိုင်ပါတယ်။

နောက်တစ်ယောက်ကတော့ ဒါရိုက်တာဝိုင်းရဲ့ သင်ပြမှုတွေနဲ့အတူ ဒုတိယ ဖွေးဖွေးတောင်ဖြစ်လာနိုင်တယ်ဆိုပြီး တင်စားခံရတဲ့ ပိုင်ဖြိုးသု ပဲဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ ပြေတီဦး ထွန်းအိန္ဒြာဗိုလ် စတဲ့ ဝါရင့်တွေနဲ့အပြိုင် "နေဝင်အိပ်တန်းတက်" ဆိုတဲ့ ဇာတ်ကားကြီးမှာ ပါဝင်ထားပြီး ဒီဇာတ်ကားဟာ သူမရဲ့ ပထမဆုံးအကယ်ဒမီဇာတ်ကား ဖြစ်လာနိုင်ပါတယ်။

ကဲ ပရိသတ်ကြီးရေ ဒီနှစ်ရုံတင်ပြမဲ့ အခြားကားတွေထဲက ကိုယ်မှန်းမိတဲ့သူတွေ ရှိရင်ပြောခဲ့ကြအုန်းနော်......

Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။