ပရိသတ်ကြီးရေ...ဒီတစ်ပါတ်မှာ ကိုယ့်အိမ် ကိုယ့်ယာမစွန့်လွှတ်နိုင်ဘဲ စံပြုရလာအောင် တွယ်တာမြတ်နိုးတဲ့ အဖွားအိုတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ။ အဖွားအိုရဲ့ အမည်ကတော့ "Edith Macefield" မေ့စ်ဖီးလ်ဖြစ်ပြီး သူမရဲ့အိမ်သေးသေးလေးကို ငွေတွေအများကြီးပုံပေးတာတောင် မရောင်းချဘဲ အသက် ၈၄နှစ်အရွယ်ထိ ကပ်တွယ်နေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေထဲမှာလည်း အဲ့အဖွားလို ကိုယ့်အိမ်၊ ကိုယ့်ယာကို တန်ဖိုးထား မစွန့်လွှတ်နိုင်တဲ့သူတွေရှိကြမှာပါနော်။

photo credit pngtree

ဝါရှင်တန်ဒီစီ၊ ဘောလာ့ဒ်ရှိ ကြီးမားသော ဈေးဝယ်စင်တာကြီး၏ အလယ်တွင် ထူးဆန်းသော ကျင်းတစ်ခုရှိနေပါတယ်။ ထိုကျင်း ထဲတွင် သေးငယ်သော အိမ်လေးတစ်လုံးကို ပရိသတ်ကြီးမြင်ကြရမှာပါ။ ထိုအိမ်လေးကတော့ အသက် ၈၄ နှစ်အရွယ် အဖွားအို မေ့စ်ဖီးလ် နေအိမ်လေးဖြစ်ပြီး ဘောလာ့ဒ် ဆိတ်ငြိမ်ရပ်ကွက်အတွင်း တစ်မူထူးခြားသော အဆင့်မြင့်မွမ်းမံမှုများအကြားမှာ တစ်မူးထူးခြားနေတာပါ။ အိမ်အို အိမ်ဟောင်းများနေရာတွင် ဖက်ရှင်စတိုးဆိုင်များ၊ စားသောက်ဆိုင်များပါဝင်သည့် ကွန်ဒိုများက အစားထိုးဝင်ရောက်လာပါတယ်။

photo credit pngtree

စီမံကိန်း ဆောင်ရွက်ကြသူများက မေ့စ်ဖီးလ် ၏ နှစ်ထပ်အိမ်လေးသို့ ရောက်ရှိလာကြပြီး ရှော့ပင်းမောလ် တည်ဆောက်ရန် စည်းရုံးခဲ့ကြပါတယ်။ ဒါပေမယ့် အဖွားအိုက ဒေါ်လာ တစ်သန်းပေးတာတောင် ရောင်းချခဲ့ခြင်းမရှိပါဘူးနော်။ အဖွားအိမ်ကို ရှောင်ကွင်းပြီး ဈေးဝယ်စင်တာကြီးတွေ တစ်တိုက်ပြီးတစ်တိုက် တည်ဆောက်ခဲ့ကြသော်လည်း တစ်စက်မှမမှုခဲ့ပါဘူး။ အခုအခါမှာတော့ အဖွားအို ကွယ်လွန်သွားပြီး သူမနေထိုင်ခဲ့တဲ့ ထိုမြေကွက်နှင့် အိမ်သေးသေးလေးကို ပြတိုက်ဖွင့်ရမလား၊ ရုံးခန်းဖွင့်ရမလား ဆုံးဖြတ်ချက်အတည်တကျ မချနိုင်သေးဘူးလို့ သိရပါတယ်။ အိမ်သေးသေးလေး ဆိုပေမယ့် အထင်တော့မသေးလိုက်ပါနဲ့ ၁၅၀၀ စတုရန်းပေကျယ်ဝန်းပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။