"ကိုယ့်ရဲ့ ကာရိုက်တာကို တာဝန်ကျေချင်တဲ့အတွက်ကြောင့် ကြိုးစားပြီးလုပိခဲ့တာပါ" လို့ဆိုလာတဲ့ ယွန်းယွန်း

မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်သူ ငယ်စဉ်ကပင် အနုပညာလောကထဲသို့ ဝင်ရောက်ခဲ့သူ အရွယ်နဲ့မလိုက်ဖက်အောင် ပါရမီပါတဲ့ သရုပ်ဆောင်မှုတွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အကယ်ဒမီဆုရခဲ့သူ သူမကတော့ ယွန်းယွန်းပဲဖြစ်ပါတယ်။

ယွန်းယွန်းကတော့ အခုဆိုရင် ပထမနှစ် စိတ်ပညာဘာသာကို သင်ယူနေပြီး တစ်ဖက်ကနေလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေပါတယ်။ ဆယ်ကျော်သက် သရုပ်ဆောင်အနေနဲ့ "မနေ့ကဖြစ်သည်" ဇာတ်လမ်းတွဲမှာ အဓိကဇာတ်ကောင် အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်ကို အံ့အားသင့်စေလောက်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သတ်လို့ ဝေဖန်သုံးသပ်ချက်တွေ အများကြီး ထွက်ပေါ်လည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီဇာတ်ကားနဲ့ ပရိသတ်ဆီပြန်ရောက်လာတဲ့ ယွန်းယွန်းပြီး အနုပညာအလုပ်တွေ ဆက်တိုက်ပြန်လုပ်လာနေတဲ့ ယွန်းယွန်းကတော့ သူမကို ပဲများလာတယ်လို့ ပြောတဲ့ဝေဖန်မှုအပေါ် ယခုလိုပဲ တုန့်ပြန်ခဲ့ပါတယ်။ “ညီမကို ပဲများလာတယ်လို့ ပြောကြတယ်။ အထူးသဖြင့် ကတော့ “မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကြောင့် လို့ထင်တယ်။ အဲဇာတ်လမ်းထဲမှာက ညီမက ပုံမှန်မဟုတ်ဘူးလေ၊ ရူးနေတဲ့ ကာရိုက်တာမျိုးဆိုတော့ အရူးကို သဘာဝကျအောင် သရုပ်ဆောင်ဖို့က ပုံမှန် သရုပ်ဆောင်လို့ မရတော့ Over သရုပ်ဆောင် ရတယ်။ အဲဒါကို သရုပ်ဆောင်တာ Over ဖြစ်တယ်လို့ ဝေဖန်တာတွေရှိတယ်။ အပြောခံရမှာ သိပေမယ့်လည်း ကိုယ်လုပ်ရမယ့် ကာရိုက်တာကို တာဝန်ကျေချင်တဲ့ အတွက်ကြောင့် ကြိုးစားပြီးလုပ်ခဲ့တာပါ” လို့ သူမကဆိုပါတယ် ပရိသတ်ကြီးရေ.......

Source: Myanmar Celebrity

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။