ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ပရိသတ်တွေနဲ့ လူမှုကွန်ယက်ကြား လူပြောများခဲ့ပြီး Tik Tok ဆယ်လီနှစ်ဦး အနုပညာကြေးရတာနည်းခဲ့တဲ့ အကြောင်းလေးနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲလေး ပြုလုပ်ခဲ့ကြပါတယ်..။

ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေ ရိုက်ကူးသရုပ်ဆောင်ထားကြတဲ့ “ရောသမမွှေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ Tik Tok ဆယ်လီနှစ်ဦးကိုလည်း ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့ပြီး အနုပညာကြေးပေးရမှာ နည်းပါးလွန်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေကြား ဝေဖန်မှုတွေ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo By Myanmarload

အနုပညာကြေးပေးရာမှာ နည်းပါးလွန်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲလေး မှာ Tik Tok ဆယ်လီနှစ်ဦးကလည်း နားလည်မှုတွေလွဲကာ မသိလို့ ပြောဆိုမိတာတွေအတွက် တာဝန်ရှိသူတွေအပြင် ဖွေးဖွေးနဲ့ အခြားအနုပညာရှင်များကို တောင်းပန်စကားလေး ဆိုထားပါတယ်နော်..။

တားလည်မှုလွဲသွားပြီး မသိလို့ ပြောမိတာတွေကို ပြန်လည်တောင်းပန်ထားပြီး နောက်ပိုင်းမှာလည်း သားစိုးနဲ့အတူ ကြော်ငြာတွေနဲ့ အနုပညာအလုပ်တွေ တွဲလုပ်သွားမယ့်အကြောင်းလေးကိုလည်း ပြောပြထားပါတယ်နော်..။


Photo By Myanmarload
Photo By Myanmarload

ထုတ်လုပ်သူ စာရေးဆရာမ မူပိုင်နှင်းဆီကလည်း Tik Tok ဆယ်လီနှစ်ယောက်အတွက် ကူညီပေးမယ့်အကြောင်းလေးတွေနဲ့ သူတို့နှစ်ယောက်အပေါ် ခွင့်လွှတ်ပြီး ဗွေမယူတဲ့အကြောင်းလေးတွေကိုလည်း ပြောပြထားပါသေးတယ်..။

ဒီဇင်ဘာ (၁၀) ရက်နေ့ နေ့လည် (၁၁) နာရီ ကနေ (၁) နာရီထိ Orchid Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ရောသမမွှေနဲ့ Tik Tok ဆယ်လီနှစ်ဦးရဲ့ စာနယ်ဇင်းရှင်းလင်းပွဲ ပုံရိပ်လေေးတွနဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။