ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ကောင်းမှုတွေအပြင် ရိုးရှင်းတဲ့အလှတရားတွေနဲ့ ချစ်စရာကောင်းပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူလေးကတော့ မင်းသမီးချောလေး ယုသန္တာတင်ပဲ ဖြစ်ပါတယ်နော်..။

ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ယောက်ျားလေး ပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ကြတဲ့ ယုကတော့ ဇာတ်ကားများစွာ ရိုက်ကူးထားပြီး မကြာခင်မှာရုံတင်ပြသတော့မယ့် “ရည်းစားတစ်ခုပ်များ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်နော်..။


Photo Credit - Alinn Yaung Photography
Photo Credit - Alinn Yaung Photography

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ သူမရဲ့အချစ်ရေးလေးကိုလည်း ပရိသတ်တွေကို အသိပေးပြောပြလာပါတယ်နော်..။

ပရိသတ်အချစ်တော်လေး ယုကတော့ လတ်တလောမှာတော့ ပရိသတ်တွေစိတ်ဝင်တစားပြောပြရလောက်တဲ့ အချစ်ရေးမျိုးတော့ မရှိသေးပေမယ့် (၂၀၂၀)ခုနှစ်မှာတော့ Single ဖြစ်ရင်လည်းဖြစ်မယ် ရည်းစားရရင်ရသွားမယ် အပျိုကြီးဖြစ်ဖို့ မသေချာဘူးဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Yu Thandar Tin’s Facebook
Photo By Myanmarload

သူငယ်ချင်းဖြစ်သူ "မမြတ်လေးက ယောင်္ကျားယူတော့မယ်ဆိုပြီး တစ်ချိန်လုံးထိုင်အော်နေတယ် သူယူဖြစ်ရင် ကူညီမယ် ဟန်းနီးမွန်းထွက်ရင်လိုက်မယ် သူငယ်ချင်းတွေက ခွဲထားလို့မရဘူး " ဆိုတော့လည်း ပြောပြထားပါသေးတယ်နော်..။

သူမအနေနဲ့ကတော့ လက်ရှိမှာတော့ လက်ရှိကိုယ်လုပ်နေတဲ့အလုပ်နဲ့ လက်ရှိကိုယ်သွားချင်တာလေးတွေ ကိုယ်စားချင်တာလေးတွေနဲ့ ဖြစ်ချင်တာလေးတွေကို ဖြည့်ဆည်းဦးမှာဖြစ်ပြီး လုပ်ချင်တာလေးတွေ အကောင်အထည်ဖော်နိုင်ဖို့ နည်းနည်းကြိုးစားနေသေးတယ် ဆိုပြီး ပြောပြထားတဲ့ ယုသန္တာတင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo Credit - Yu Thandar Tin’s Facebook

Photo Credit - Yu Thandar Tin’s Facebook & Alinn Yaung Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။