မိဘေတြအေနနဲ့ မိမိတို့ကေလးကို ဆုံးမတဲ့အခါ ရိုက်နွက္ဆုံးမျခင်းဟာ မိမိကေလးအတြက် ဘယ္လိုဆိုးကိုးတျြေဖစ်စေတတ်သလည်း ဆိုတာနဲ့ ပတ်သတ်ပြီး "A Good Mom" ကေရးသားဖော်ျပထားတာလေျးပန္လည်ဝေငွေပးလိုက္ပါတယ်နော်....

ဟိုနေ့က ကိုရီးကားကားတပိုင်းကြည့်ဖြစ်တယ်… လူသတ်စုံထောက်ကားပါ… အမျိုးသားက အရမ်းကြိုက်တော့ သူကဖွင့်ကြည့်လေ့ရှိတယ် …ကျွန်မက သမီးလေးကို မကြည့်စေချင်တာကြောင့် အဲဒီကား ဘယ်တော့မှဝင်မကြည့်ဖြစ်ဘူး… ဇာတ်လမ်းတွဲတွေ သိပ်ကြည့်လေ့မရှိတဲ့ ကျွန်မအတွက် အဲဒီအပိုင်းက ကြည့်ချင်အောင် ဆွဲခေါ်သွားတယ်… ကျွန်မကြည့်မိတဲ့ အကွက်က ၆ နှစ် ၇ နှစ်အရွယ် ကလေးလေးက သွေးထွက်သံယိုဖြစ်နေပြီး ကြောက်လန့်တကြား ငိုနေတယ် … အမေ မလုပ်ပါနဲ့ မလုပ်ပါနဲ့လို့ငိုပြီးပြောနေခဲ့တယ်… သူ့အမေက ဓားတချောင်းလက်ကဆုတ်ထားပြီး ဒေါသတကြီးနဲ့ ကလေးကိုပြောဆိုနေတာပေါ့… နင်နောက်ကျသွားပြီလို့ ပြောပြီး ကလေးကို ဓားနဲ့ထိုးဖို့ ဓားကိုမြှောက်လိုက်တဲ့အချိန်မှာ ကျွန်မ အရမ်းလန့်သွားတယ်… အဲဒီအချိန်မှာပဲ ဖုန်းထဲကနေ operater ကစုံထောက်မက 'နောက်မကျသေးပါဘူး' ဆိုပြီးလှမ်းအော်တယ်… အဲဒီမှာ အဲဒီအမျိုးသမီးတွန့်သွားပြီး ဘယ်သူလဲ ဘာလဲ ဆိုပြီး ကြောက်အားလန့်အား ဝူးဝူးဝါးဝါးဖြစ်တယ်… စုံထောက်မက သူ့လူတွေကို အဲအမျိုးသမီး ငယ်ဘဝက မွေးစားခံခဲ့ရလားရှာခိုင်းတယ်… တလက်စတည်း ဒီဘက် ဖုန်းထဲကနေ ခုနက ကလေးကို နှိပ်စက်နေတဲ့ မိန်းမကို 'နင်ငယ်ငယ်က အဲလို အလုပ်ခံခဲ့ရဖူးလား'လို့မေးလိုက်တယ် … အဲဒီမှာ ဟိုမိန်းမ ကတုန်ကယင်တွေဖြစ်ပြီး သူငယ်တုန်းက မွေးစားအဖေက တုတ်ကြီးနဲ့ သေအောင်လိုက်ရိုက်… သွေးထွက်သံယိုတွေဖြစ် … ထွက်ပြေးဖို့ ကြိုးစား အဲလိုပုံရိပ်တွေ တဖွားဖွားပေါ်လာတယ်… စကားတွေလည်း ဗလုံးဗထွေးပြောတာပေါ့ … ဒီဘက်ကနေ ရဲမေက အမှန်တိုင်းပြောပါ ပြောပြရင် အခုလုပ်ထားတဲ့ အပြစ်ကို သက်ညှာဖို့သူပြောပေးမယ် ကလေးကို ထပ်ပြီး မလုပ်ပါနဲ့တော့ လို့ ပြောတော့မှ သူက အသိဝင်လာပြီး ကလေးကို ဖက်ပြီး ငိုတယ်… အဲမှာ မီးပျက်သွားတယ် … ကျွန်မတို့လည်း ဟာ ဟင်နဲ့ ဆက်မကြည့်လိုက်ရဘူး … ထားပါတော့ … ဒီနေရာမှာ ကျွန်မ သတိထားမိတာက ကိုယ် abuse လုပ်ခံရသလို ကလေးတွေကို ကိုယ်က ပြန် abuse လုပ်လေ့ရှိတယ်ဆိုတာပါ…

ကျွန်မ အမေ ငယ်ငယ်က အဖိုးက သိပ်ဆိုးခဲ့တာ ခါးပတ်နဲ့ ချွတ်ရိုက်တဲ့အထိတဲ့ … ကျွန်မတို့ ငယ်ငယ်ကလည်း အမေက တုတ်လောက်တော့ သုံးခဲ့တာပါပဲ … ဒါတောင် အမေဆို အဖိုးအကြောင်းပြောတိုင်း ငိုတယ်… ပြီးရင် ငါတို့ သားသမီးတွေအလှည့်ကျ အဲလို မဖြစ်စေရဘူးလို့ ဆုံးဖြတ်ခဲ့တာတဲ့ … ဒါပေမယ့် သူလည်း တခါတခါ စိတ်လွတ်ထွက်ပြီး ကျွန်မတို့ကို သူခံခဲ့ရသလို ပြန်လုပ်မိပြန်တာပဲ … ကျွန်မအလှည့်ကျတော့လည်း သမီးလေးမမွေးခင်တည်းက ဖတ်လိုက်တဲ့ parenting … လေ့လာလိုက်တဲ့ ကလေးပြုစုရေးတွေ … ဒါပေမယ့် တခါတခါ စိတ်မရှည် အော်မိတာ လက်ပါမိတာဖြစ်နေပြန်ရော… မလုပ်ရဘူးဆိုတာလည်း သိတယ်… အတတ်နိုင်ဆုံးထိန်းပါတယ် … ထိန်းတဲ့ကြားက လွတ်ထွက်သွားတာ မျိုးလည်းရှိနေပြန်ရော…

ဟိုနေ့ကတင် အသိတယောက်ကပြောပြတယ် သူ့ယောကျ်ားက သမီးလေးကို အော်လိုက်ငေါက်လိုက် ရိုက်လိုက်လုပ်နေတယ် … တစ်သွေးတစ်သံတစ်မိန့်နဲ့ ကလေးကိုပြောဆိုနေတယ်တဲ့…ကလေး စိတ်ထိခိုက်မှာစိုးတယ်တဲ့ … အဲအဖေ ငယ်ငယ်ကလည်း အဲလိုပဲ ရိုက်ခံရ ဆုံးမခံရ တင်းကျပ်လွန်းတဲ့ အဖေဆီမှာ ကြီးပြင်းခဲ့တာပါ …ပညာတတ်မှ မိုးပျံနေတာ… သူ့သမီးကိုလည်း တော်တော်ချစ်ရှာပါတယ် … ဒါပေမယ့် အဲလိုလုပ်မိနေတာဟာ သူခံခဲ့ရဖူးလို့များ ပြန်ပြန်လုပ်မိနေတာလားလို့ပါ…

ကျွန်မရုံးအလုပ်လုပ်ခဲ့တုန်းက အားကျခဲ့ရတဲ့သူတွေရှိခဲ့ဖူးတယ် … EQ အရမ်းကောင်းတယ် သူတို့တွေက… သူတို့ကိုကြည့်လိုက်ရင် ဒေါသထွက်တာလည်း သိပ်မရှိဘူး ထွက်မိပြီဆိုလည်း အကောင်းဆုံးနည်းလမ်းကိုသုံးတယ်… သူများတွေ မကောင်းကြောင်းပြောနေတာ… သူတို့အကြောင်း (အထူးသဖြင့် သူတို့မကောင်းကြောင်း) ရင်ဖွင့်တာ သိပ်မရှိဘူး … အေးအေးလူလူနဲ့ လူတိုင်းအပေါ် သာတူညီမျှ ကိုယ်ချင်းစာ တရားထားပြီး ဆက်ဆံနိုင်ကြတယ်… စကားအပြောအဆို ဆိုလည်း ချိုသာလိုက်တာမှ ပြောမနေနဲ့… သူတို့မိဘတွေကို သွားပြန်ကြည့်လိုက် … သေသေချာချာ သားသမီးကို ထိန်းကျောင်းထားတာကိုတွေ့ရတယ်… သားသမီးကို စကားပြောတာကမှ အစ ချိုသာနေတာပါပဲ … အတင်းချုပ်ချယ်တာတွေမရှိဘူး …လွတ်လပ်ခွင့်ပေးသင့်တာ ပေးထားတယ်… အမြဲမပြတ် control လုပ်ပေးနေတာ … အော် ဒါကြောင့်သူတို့က ဒီလိုဖြစ်နေတာကိုးလို့ ကျွန်မ အားကျခဲ့ရပါတယ်…

ကလေးလေးတွေက မိဘဆိုတာကို ရွေးချယ်ခွင့်မရကြရှာပါဘူး … ဒါကြောင့် ရွေးချယ်လို့မရတဲ့ မိဘတွေဖြစ်လာတဲ့ ကျွန်မတို့ ကလေးတွေ အနာဂတ်အတွက် အကောင်းဆုံး ကြိုးစားပေးကြရအောင်လား… ကိုယ့်ကိုကို အားတင်းရင်း ဘဝတူဖေဖေ မေမေများသို့

ကဲ မိဘတို့ရေ ကိုယ်ချစ်လို့ မွေးဖွားထားတဲ့ သားသမီးလေးတွေကို ကောင်းစေချင်လို့ ဖြစ်စေချင်လို့ ဆုံးမတဲ့အခါ သင်တို့ရဲ့ ဆုံးမမှု ပဲ့ပြင်မှုပုံစံ နည်းကျမှန်ကန် တရားမျှတမှုရှိဖို့ လိုပါတယ်။ ကလေးဆိုတာ ကိုယ်ခံစားရတာတွေ ကိုယ်အနီးက မြင်ရခံစားရတာတွေကို စွဲမြဲလေ့ရှိတာကြောင့် မိမိတို့ရဲ့ မှားယွင်းမှုတွေဟာ မိမိတို့ သားသမီးတွေအပေါ်မှာ ထိခိုက်လာနိုင်ကြောင်း သတိပေးပြောကြားလိုက်ပါတယ်..

Source: A Good Mom

Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။