ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ဆယ်စုနှစ်တွေကတည်း ယနေ့အချိန်ထိ အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် ဝါရင့်အနုပညာရှင်ကတော့ အကယ်ဒမီများရှင် မင်းသားကြီး ရန်အောင်ပဲ ဖြစ်ပါတယ်နော်..။

ကျရာဇာတ်ရုပ်တွေကို ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး အကယ်ဒမီထူးချွန်ဆုတွေနဲ့အတူ ပရိသတ်တွေရဲ့ရင်ထဲက အနုပညာရှင်မင်းသားတစ်ဦးပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Yan Aung's Facebook
Photo Credit - Yan Aung's Facebook

ရန်အောင်ကတော့ သရုပ်ဆောင်ပိုင်းတင်မက အဆိုပိုင်းမှာလည်း တေးသီချင်းကောင်းတွေနဲ့ အခွေတွေ ထွက်ရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်သလို လတ်တလောပရိသတ်တွေကြား ရေပန်းစားနေတဲ့ သီချင်းဆိုပြိုင်ပွဲတွေကိုလည်း အားပေးတဲ့အကြောင်းလေး ပြောပြလာပါတယ်..။

အဆိုပြိုင်ပွဲတွေ အားလုံးကို စိတ်ဝင်စားကာMyanmar Idol ပြိုင်ပွဲကိုလည်း Season 1 ကတည်းက အားပေးကြည့်ရှု့ခဲ့ပြီး ဒီနှစ် Myanmar Idol Season (4) ပြိုင်ပွဲလေးမှာ အေးမြဖြူနဲ့ အက်စတာတို့ အပေါ်အမြင်လေးတွေကိုလည်း ပြောပြထားပါတယ်နော်..။


Photo Credit - Yan Aung's Facebook
Photo Credit - Yan Aung's Facebook

မိန်းကလေးထဲမှာ အက်စတာနဲ့ အေးမြဖြူက တော်တော်လေးကို ကောင်းပြီး အက်စတာကတော့ တော်ရုံတန်ရုံသီချင်းလေးတွေကို သူတို့ရဲ့မုနဲ့ ဟန်ပန်တွေ ပေါင်းလိုက်တဲ့အခါမှာ တော်တော်ကို လန်ထွက်သွားတဲ့ သီချင်းတွေ ခံစားရတဲ့သီချင်းတွေဖြစ်သွားသလို အေးမြဖြူဆိုရင်လည်း အသံကိုကကောင်းပြီး သီချင်းပေါ်မှာ ခံစားသက်ဝင်တာ တော်တော်ကို ရင်ထဲရောက်တယ်ဆိုပြီး ပြောပြထားတာပါ..။

Myanmar Idol Season (4) ပြိုင်ပွဲစဆိုကတည်းက (၁၁)ယောက်လုံးက အခုမှစဆိုတာနဲ့ မတူဘူး တကယ့်ပြိုင်ပွဲမှာ ဆိုနေတဲ့အတိုင်း အသံတွေက လန်ထွက်နေတာ သူ့စတိုင်လ်နဲ့သူက မိုက်နေတာပဲ Idol တစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း အကုန်လုံးကို ဆိုနိုင်တဲ့သူမှ Idol တစ်ယောက် ဖြစ်သင့်တယ်လို့ ထင်တယ် ဆိုပြီးတော့လည်း ပြောပြထားတဲ့ ရန်အောင်ရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Yan Aung's Facebook
Photo Credit - Yan Aung's Facebook

Photo Credit - Yan Aung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။