ချစ်ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ ဗဟုသုတအစီအစဉ်ကဏ္ဍကနေ တင်ဆက်ပေးမှာကတော့ သြစတြေလျနိုင်ငံမှာရှိတဲ့ မြွေခြံအကြောင်းပဲဖြစ်ပါတယ်။ တိရိစ္ဆာန်အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဖတ်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် တစ်ကယ့်ကိုစိတ်ဝင်စားဖို့ ကောင်းမယ်လို့ယုံကြည်ပါတယ်။ ကမ္ဘာပေါ်တွင် တိရိစ္ဆာန်များကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် မွေးမြူကြတာဖြစ်ပါတယ်။ ထိုထဲကမှ မယုံနိုင်ဖွယ် ထူးဆန်းသော မွေးမြူရေးခြံများက ကမ္ဘာပေါ်ရှိလူများကို စိတ်ဝင်စားစေလျက် တည်ရှိနေပါတယ်။
အိမ်တွင် မွေးမြူရန် နှင့် အဆိပ်ထုတ်ရန် ရည်ရွယ်ချက် နှစ်မျိုးလုံးဖြင့် မြွေများကို အထူးအာရုံစိုက်မွေးမြူသော မြွေခြံများ၏ ဌာနေများဟာ သြစတြေလျနိုင်ငံမှာ အများဆုံးတွေ့ရပါတယ်။ သြစတြေလျနိုင်ငံရှိ မြွေခြံက တွားသွားသတ္တဝါများကို ပထမဆုံးမွေးမြူထားသော ကမ္ဘာ့အကြီးဆုံး မွေးမြူရေး ခြံတစ်ခုဖြစ်ပါတယ်။ ကြောက်မက်ဖွယ်အကောင်းဆုံး တွားသွားသတ္တဝါ တစ်မျိုးဖြစ်သည့် စပါးကြီးမြွေ မျိုးစိတ်များကို တွေ့ရမှာပါနော်။
သြစတြေ လျ မြွေခြံ တွင် ကလေး စပါးကြီးမြွေ (Childern’s Python) အပါအဝင် မတူညီသော စပါးကြီးမြွေမျိုးစိတ် ၁၅ မျိုး ကျော်ကို ဝယ်ယူရ ရှိနိုင်မှာဖြစ်ပါတယ်။ စပါးကြီးသားပေါက်များကိုလည်း ဝယ်ယူနိုင်တယ်လို့သိရပါတယ်။ မြွေတွေကို လက်တွေ့ကျကျ လေ့လာကြည့်ရှုချင်သူတွေ သွားရောက်လည့်ပတ်မှု အများဆုံးနေရာလို့ ပြောရမှာပါ။ စိတ်မခိုင်တဲ့သူတွေ၊ မြွေကြောက်တတ်တဲ့သူတွေကတော့ ခြေဦးတောင် မလှည့်မိပါစေနဲ့နော်။ နောင်လည်း "သြစတြေလျ" မြွေခြံလိုမျိုး ထူးခြားကြောက်မက်ဖွယ်ကောင်းတဲ့ နေရာတွေကို ကြည့်ရှုလေ့လာရအောင် ဖိတ်ခေါ်လိုက်ပါတယ်။
source မောင် သာ ရှေးဟောင်းသုတေသန
photo credit pngtree
သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန" ကိုကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။