ချစ်သူနဲ့ ပြတ်သွားလို့ စိတ်ညစ်နေကြတဲ့ ပရိသတ်ကြီးရေ....အခုအချိန်ကစပြီး ပျော်ရွှင်စွာနဲ့ ဘဝကို ဖြတ်သန်းရဖို့ နည်းလမ်းကောင်းလေးတွေကို ဝေမျှသွားပေးပါ့မယ်။ အတိတ်ကနာကျင်စရာတွေ ကိစ္စတွေကို မေ့ပျောက်ပြီး ပစ္စုပ္ပန်ကာလမှာ ပျော်အောင်သာနေလိုက်ပါ။ သူကိုယ့်အပေါ်လုပ်ခဲ့တဲ့ အမှားတွေကို သင်ခန်းစာယူပြီး အကောင်းဆုံးပြင်ဆင်ထားပါ။ အချစ်စစ်၊ အချစ်မှန်က သင့်ဆီ အချိန်တန်ရင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါလိမ့်မယ်။

photo credit pngtree

အချိန်က အကောင်းဆုံးသမားတော်လို့ ကြားဖူးပါလိမ့်မယ်။ ထိုစကားလေးရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းနားလည်ပြီး အဲ့အတိုင်း ပြုမူနေထိုင်တတ်မယ်ဆို သင့်ဆီမှာရှိတဲ့ စိတ်ညစ်ရာတွေက ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ ရှင်းလင်းပျောက်ကွယ်သွားပါ့လိ့မယ်။ ကိုယ့်အပေါ် သစ္စာမရှိဘဲ ထားခဲ့သူတွေအတွက် အကုသိုလ်တွေပွား၊ စိတ်ရှုပ်ထွေး၊ စိတ်ညစ်ခံဖို့မတန်ပါဘူး။ မေတ္တာသွာ များများပွားပါ၊ သူ့အကုသိုလ်နဲ့သူ သွားပါလိမ့်မယ်။

photo credit pngtree

လူတွေက ကိုယ့်ဘေးမှာရှိနေတဲ့ ကိုယ့်အချစ်ဆုံးသူတွေကို တန်ဖိုးထားတတ်ကြဖို့ မေ့နေတတ်ပါတယ်။ အထူးသဖြင့် ကိုယ့်ကိုထားသွားတတ်တဲ့၊ မျက်နှာများတဲ့ သူတွေအတွက်ပေါ့။ ဒါကြောင့်မလို့ ချစ်သူက ထားသွားလို့၊ လမ်းခွဲသွားလို့ စိတ်ညစ်မနေဘဲ မိမိပတ်ဝန်းကျင်မှာရှိတဲ့ မိတ်ဆွေ သူငယ်ချင်း၊ အပေါင်းအသင်းတွေကို အရင်ကထက် အချိန်ပိုပေးဖြစ်သလို ပျော်ရွှင်စရာအချိန်လေးတွေကို ဖန်တီးလို့ရပါတယ်။ ဘဝမှာ ပျော်စရာတွေ အများကြီးရှိတာမလို့ fake love တစ်ခုအတွက်တည်းနဲ့တော့ ကိုယ့်ဘဝကြီးကို အမှောင်ချလိုက်တာမျိုး၊ depression ဝင်လိုက်တာမျိုး မလုပ်မိပါစေနဲ့နော်။ ဒါဟာ ကိုယ်ပဲ မိုက်မဲရာကျလို့ပါ။

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။