ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားကြတဲ့ ပြည်သူ့အချစ်ကျော် အနုပညာရှင်ဆယ်လီတွေထဲမှာ ချစ်စရာကောင်းလွန်းလို့ အားလုံးက စူစူလို့ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အိချောပိုကလည်း အပါအဝင်ပါပဲ..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပအညာရှင်တစ်ဦးဖြစ်တဲ့ စူစူလေးကတော့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသလို အခမ်းအနားပွဲတွေလည်း တက်ရောက်ဖြစ်နေပြီး “မာယာရထားမောင်းတဲ့ မိန်းမ” ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်နေပါတယ်နော်..။


Photo Credit - Ei Chaw Po's Facebook
Photo Credit - Ei Chaw Po's Facebook

ပရိသတ်အသည်းကျော်လေးစူစူကတော့ ရုပ်ရှင်နဲ့ ပြဇာတ်မေဂျာနဲ့ ကျောင်းပြီးခဲ့ပြီး သူမဘွဲ့ရခဲ့တဲ့ကျောင်းမှာ ဇာတ်ကားပြန်လညရိုက်ရလို့ ပျော်နေတဲ့အကြောင်းလေးကိုလည်း ပရိသတ်တွေကို ပြောပြလာပါတယ်နော်..။

ရုပ်ရှင်နဲ့ပြဇာတ်မေဂျာကျောင်းပြီးထားတော့ အမှတ်တရတွေအများကြီးရှိတဲ့ သူမရဲ့ကျောင်းမှာ ဇာတ်ကား လာရိုက်တာတော့ ပျော်တာသလို မိသားစုလိုဖြစ်နေကြတဲ့ ချစ်ရတဲ့ဆရာမတွေနဲ့ ပြန်ဆုံရတာ အရမ်းပျော်တဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Ei Chaw Po's Facebook
Photo Credit - Amazing Grace Photography

“မာယာရထားမောင်းတဲ့ မိန်းမ” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်နေကျပုံစံမျိုးမဟုတ်ပဲ ဆန်းတဲ့ဇာတ်ကားလေးဖြစ်မှာဖြစ်ပြီး သူမကိုတော့ မြန်မာဆန်ဆန်လေးလည်း တွေ့ရမှာဖြစ်သလိြ ခပ်မိုက်မိုက် ခပ်ဆိုးဆိုးလေးလည်း တွေ့ရမယ်ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်နော်..။

ဇာတ်ကားလေးအကြောင်းနဲ့ ဘွဲ့ရခဲ့တဲ့ ကျောင်းမှာ ဇာတ်ကားရိုက်ရလို့ ပောျ်နေတဲ့ အကြောင်းလေးတွေကို ပြောပြထားတဲ့ စူစူလေးရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Amazing Grace Photography
Photo Credit - Ei Chaw Po's Facebook

Photo Credit - Ei Chaw Po's Facebook & Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။