တိရိစ္ဆာန်တွေအပေါ် ထင်မြင်လွဲမှားနေတဲ့ အယူအဆတွေနဲ့ပတ်သက်ပြီး မှန်ကန်စွာ သိရှိနိုင်ဖို့အတွက် ဒီတစ်ခါမှာတော့ လင်းနို့တွေကို သာဓက ထားပြီး ပြောပြပေးသွားပါ့မယ်။ ကျွန်ုပ်တို့ ငယ်ငယ်လေးထဲက လင်းနို့တွေဟာ မျက်စိမမြင်ကြဘူးလို့ သိကြပါတယ်။ ဒါဟာ တစ်ကယ်လား၊ ဒါမှမဟုတ် လူတို့ရဲ့ ပါးစပ်ပြောယုံတမ်းစကားလားဆိုတာ အောက်မှာ ဆက်လက်ဖတ်ရှုသွားကြပါနော်။
လင်းနို့တွေက လူသားတို့အဖို့ နားလည်ရခက်သော သတ္တဝါများထဲတွင် တစ်ကောင်အပါအဝင်ဖြစ်ပါတယ်။ လူအများစုက လင်းနို့တွေကို အမွှေးများ ရှုပ်ထွေးနေသော မျက်နှာကြောင့် မျက်စိမမြင်ရတာလို့ ယူဆကြပြီး သူတို့ပျံသန်းရာ လမ်းတစ်လျှောက်တွင် ထိခိုက်မှုမရှိစေရန် အသံလှိုင်းများ ထုတ်လွှတ်၍ သွားလာတယ်လို့ ယူဆထားကြတာဖြစ်ပါတယ်။ တစ်ကယ်တော့ အဲ့လိုထင်နေတာနဲ့ အနည်းငယ်မျှလွဲနေပါတယ်။ မျက်စိမမြင်ရတာက ဟုတ်ပါတယ်၊ ဒါပေမယ့် အမွှေးများကြောင့် မျက်စိမမြင်ရတာမဟုတ်ဘဲ ဒီအတိုင်း ဖုံးကွယ်ထားခြင်းသာဖြစ်ပါတယ်။ သူတို့ရဲ့ အသံလှိုင်းစနစ်က ကောင်းလွန်းတာမလို့ ဆံပင်ချည်လောက်သာရှိသော အရာဝတ္ထုကိုပင် မထိခိုက်မိအောင် ရှောင်လွှဲသွားနိုင်တာဖြစ်ပါတယ်။
အချို့သော သူတွေက လင်းနို့ကို လူရဲ့သွေးအား စုတ်ယူသောက်သုံးတတ်ကြတယ်လို့ ထင်နေပါတယ်။ အမှန်တော့ အသီးအနှံများ၊ အင်းစက်ပိုးများ၊ ကျောရိုးရှိ အကောင်ငယ်များကိုသာ စားသုံးကြတာပါ။ သွေးကြိုက်သော လင်းနို့မျိုးစိတ်ရှိသော်လည်း ထိုအကောင်တွေက တိရိစ္ဆာန်တို့၏ အရေခွံ့ကိုကိုက်ပြီး ထွက်လာတဲ့ သွေးများကိုသာ စုတ်ယူသောက်သုံးတာမဟုတ်ပဲ လျက်ခြင်းသာဖြစ်ပါတယ်။ သို့သော် လူရဲ့သွေးကိုတော့ လုံးဝလျက်လေ့မရှိပါဘူး။ စာဖတ်ပရိသတ်ကြီးလည်း လင်းနို့ရဲ့ အဖြစ်မှန်ကို သိရှိသွားပြီမလို့ ကျေနပ်အားရကြလိမ့်လို့ ယုံကြည်ပါတယ်နော်။
Source မောင် သာ ရှေးဟောင်းသုတေသန
Photo credit pngtree
သတင်းယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။