ပရိသတ်ကြီးရေ ဒီတစ်ပါတ်မှာတော့ အင်္ဂလန်နိုင်ငံ လစ်ဗာပူးမြို့ရှိ "Blod" လမ်းမှာ လူငယ်လေးတစ်ယောက်ကြုံတွေ့ခဲ့ရတဲ့ "Time Slip" (အချိန်ကမောက်ကမဖြစ်ခြင်း၊ အချိန်ခရီးသွားခြင်း) ဖြစ်ရပ်ကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ရေးသားဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ထိုလူငယ်လေးရဲ့ အမည်ကတော့ "Sean" ဖြစ်ပြီး အသက် ၁၉နှစ်အရွယ် သူခိုးလေးတစ်ယောက်ပါ။ အဲ့သူခိုးလေးက ရုတ်တရက် ချက်ချင်းဆိုသလို ၁၉ ရာစုအလယ်ခေတ်လောက်ကို ထူးဆန်းစွာရောက်ရှိသွားတာ ဖြစ်ပါတယ်။

photo credit pngtree

အဲ့သူခိုးလေးက ရဲလက်က လွတ်အောင်ပြေးရင်း လမ်းထောင့်လေးမှာ ပုန်းကွယ်ကာ ရဲထွက်လာတာကို ချောင်းကြည့်နေခဲ့ပါတယ်။ အဲ့လိုချောင်းကြည့်နေရင်းနဲ့ အသက်ရှူရတာ မွန်းကျပ်လာပြီး စိတ်ထဲမှာ တစ်ခုခုမှားယွင်းနေသလို ခံစားခဲ့ရတာဖြစ်ပါတယ်။ မီးခိုမွှန်သလို အသက်ရှူကျပ်တာမဟုတ်ပဲ ပြင်ပလေကို ရှူနေရင်း အသက်ရှူကျပ်တာမျိုးပါ။ ရဲကို မတွေ့တော့တာနဲ့ "Hanover" လမ်းပေါ်ကို ပုန်းလျှိုး ကွက်လျှိုးလေး တက်လာတဲ့အခါမှာတော့ ချက်ချင်းဆိုသလိုပဲ သွားလာနေတဲ့ကားတွေက အဟောင်းပုံစံပြောင်းသွားပြီး၊ လူတွေကလည်း ဟိုးအရင်က ဝတ်တဲ့ အဝတ်အစားပုံစံတွေနဲ့ပဲ မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အရင်တုန်းက မရှိတဲ့ မီးပွိုင့်တွေ၊ အရက်ဘားတွေ၊ ခြုံပုတ်တွေကို သတိထားမိလာပြီး စိတ်ထဲမှာ အနည်းငယ် ကြောက်ရွံ့တဲ့စိတ်ဖြစ်လာပါတယ်။ အခုလက်ရှိအချိန်မဟုတ်ဘဲ အချိန်တစ်ခုခုကို ရောက်သွားတယ်ဆိုတာသိပေမယ့် ဘယ်ခေတ်၊ ဘယ်ခါဆိုတာကိုတော့ အတိအကျမသိခဲ့ပါဘူး။

photo credit pngtree
photo credit pngtree

အဲ့လိုနဲ့ လမ်းဆက်လျောက်လာတဲ့အခါမှာ သတင်းတစ်ဆောင်ကိုတွေ့ပါတယ်။ အဲ့သတင်းစာမှာ စာလုံးကြီးတွေနဲ့ ရေးထားတဲ့ နေ့စွဲကတော့ 18th May 1967ဖြစ်ပါတယ်။ Hand phoneကလည်း ဆက်သွယ်မှုပြင်ပဧရိယာသို့ ရောက်သွားခဲ့ပါပြီ။ စိတ်ထဲမှာ ဝေဝါးခြောက်ခြားမှုများစွားနဲ့ ခပ်သွက်သွက်လေး လျောက်လာခဲ့ရာ "H.Samuel"ဆိုတဲ့ ရတနာရွှေဆိုင်နားသို့ရောက်တဲ့အခါမှာတော့ ဖုန်းကပုံမှန်အတိုင်း ဆက်သွယ်လို့ ရသွားခဲ့ပါပြီ။ ဒါပေမယ့် နောက်ပြန် လှည့်ကြည့်လိုက်တဲ့ အခါမှာ လျောက်လာခဲ့တဲ့ လမ်းတစ်လျောက် ၁၉၆၇ ခုနှစ်တုန်းကလူတွေရဲ့ ပုံမှန်မဟုတ်သော မြင်ကွင်းကသာ မျက်ဝန်းထဲမှာ ကျန်ရှိနေတုန်းပင်ဖြစ်ပါတယ်။ ထိုအဖြစ်အပျက်က သတင်းစာတွေထဲမှာပါသွားပြီး ဟိုးလေးတကျော်ဖြစ်ခဲ့ရပါတယ်။ သူခိုးလေး "Sean"ဟာ ပြည်တွင်းသတင်းစာရဲ့ မေးမြန်းမှုကို လေးချိန်လေးခါတိုင်တိုင် အမှန်တစ်ကယ်ဖြစ်ခဲ့တာလို့ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ အချို့သူတွေကတော့ ရဲလက်ကလွတ်အောင် သူခိုးလေး ပေါက်ကရ ပြောတယ်လို့ ယူဆကြပေမယ့် အဲ့ဒီနေရာမှာ တစ်ကယ်ကို ထူးဆန်းတဲ့ အဖြစ်အပျက်တွေ ရှိခဲ့တာပါ။ ပရိသတ်ကြီးကော အဲ့လို "Time Slip"မျိုးနဲ့ ကြုံတွေ့ခဲ့ရင် ပထမဦးဆုံး ဘာလုပ်မလဲဆိုတာကို ပြောပေးသွားပါဦးနော်။

Source သံ ဇဉ် မိုးဇတ်

photo credit pngtree

photo credit pngtree

သတင်းယူရေးခွင့်ပေးတဲ့ "သံ ဇဉ် မိုးဇတ်"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။