ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ဘေဘီမောင်တစ်ယောက် တလောက ထိုင်းနိုင်ငံကို သွားခဲ့တဲ့ ပုံရိပ်တွေတက်လာတာတွေ့လိုက်ရပါတယ်။အခုတစ်ခေါက်မှာတော့ဘေဘီမောင်တစ်ယောက်

မြန်မာနိုင်ငံကိုပြန်ရောက်လာပါပြီ။

ထိုင်းနိုင်ငံကနေပြန်လာချင်းပဲ ပုပ္ပားကို ရိုက်ကူးရေးရှိလို့ သွားရတဲ့အကြောင်း ဘေဘီမောင်ကသူ့ဖေ့ဘွတ်မှာအခုလိုတင်ထားပါတယ်။

“ပုပ္ပါး သို့ ရူတင်ရိုက်ဖို့ ခရီးဆက်?

ကားပေါ်မှာ အိပ်ပီးလိုက်သွားရမှာပေါ့ကွယ်” လို့ဘေဘီမောင်က မနေ့ကည(၁၂)ဝန်းကျင်က ရေးတင်ခဲ့တာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ၁၄ရက်နေ့ က နိုင်ငံတကာအမေများနေ့ဖြစ်သလို ဘေဘီမောင်ရဲ့မိခင်မွေးနေ့လည်း ဖြစ်ပါတယ်။ သူ့မိခင်အတွက်ဘေဘီမောင်က “ချစ်သောမေမေ မွေးနေ့မှစပြီး စိတ်ချမ်းသာပါစေ??

ကိုယ်ကျန်းမာပါစေ??ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျပါစေမေမေ??မေမေ ပျော်ရွှင်တာကိုပဲသမီးအမြဲမြင်ချင်မိတယ်☺️

မေကြီးနားမှာပဲအမြဲနေမယ်နော်” လို့မွေးနေ့ဆုမွန်ကောင်းတောင်းထားပါသေးတယ်။

ကဲပရိသတ်ကြီးရေ ဘေဘီမောင် ဘယ်လိုဇာတ်ကားတွေရိုက်နေလဲ၊ ဘာဇာတ်ကားအမျိုးအစားတွေ ထွက်လာမလဲဆိုတာကတော့ စောင့်ကြည့်အားပေးကြရအောင်…

Source:ဘေဘီမောင်ဖေ့ဘွတ်

Aung 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။