ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ပရိသတ်တွေကြား ရေပန်းစားအောင်မြင်လာဦးမယ့် မော်လ်ဒယ်သရုပ်ဆောင်အနုပညာရှင် တစ်ဦးကတော့ တတ်သစ်စမင်းသားချောလေး ဝေရှိုင်းပဲ ဖြစ်ပါတယ်နော်..။

ချောမောပြီး တည်ငြိမ်ခန့်ညားကာ ဆွဲဆောင်မှုအပြည့်နဲ့ ယောင်္ကျားပီသတဲ့ ပုံရိပ်လေးတွေနဲ့ ကျရာဇာတ်ရုပ်တွေကို ပီပြင်အောင် အမြဲကြိုးစားလေ့ရှိတဲ့ မင်းသားချောလေး ဝေရှိုင်းကတော့ အခုဆိုရင် အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်နော်..။


Photo Credit - Wai Shine’s Facebook
Photo Credit - Wai Shine’s Facebook

မင်းသားချောလေး ဝေရှိုင်းကတော့ ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေပြီး “ရည်းစားတစ်ခုလပ်များ” ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး မခိုင်လေးတို့နဲ့ ဇာတ်ကားရိုက်ကူးခဲ့တဲ့ အမှတ်တရလေးတွေကိုလည်း ပြောပြလာပါတယ်..။

တစ်ခါမှတွဲပြီး သရုပ်မဆောင်ဖူးတဲ့ ခိုင်သင်းကြည်နဲ့ ပထမဆုံးတွဲပြီး သရုပ်ဆောင်ထားသလို ကင်မရာယူပုံယူနည်းတွေ သေချာသင်ပေးတဲ့ မခိုင်လေးအကြောင်းကိုလည်း ပြောပြထားပြီး ရဲလေးမကလည်း သင်ပေးတဲ့အမှတ်တရလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်နော်..။


Photo Credit - Wai Shine’s Facebook
Photo Credit - Wai Shine’s Facebook

“ရည်းစားတစ်ခုလပ်များ” အရမ်းရယ်ရ ခွီရတဲ့ဇာတ်ကားလေးဖြစ်တာမို့ သွားရောက်အားပေးကြည့်ရှု့ကြဖို့လည်း ဝေရှိုင်းက ပရိသတ်တွေကိုလည်း ပြောပြထားပါသေးတယ်နော်..။

ဒီကနေ့လေးမှာတော့ချစ်ရတဲ့ အသည်းကျော် ပရိသတ်တွေအတွက် မင်းသားချောလေး ဝေရှိုင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Wai Shine’s Facebook
Photo Credit - Wai Shine’s Facebook

Photo Credit - Wai Shine’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။