photo credit - Whkrhm Reddy

PSG.LGD အသင်းကတော့ Dream League Season 13 ရဲ့ china qualifier ကိုရှုံးနိမ့်ပြီးနောက်မှာ သူတို့ရဲ့အကောင်းဆုံး ပုံစံတစ်ခုကိုပြသနေပြီပဲဖြစ်ပါတယ်။

လက်ရှိဆော့ကစားနေတဲ့ WESG 2019 China Finals ပြိုင်ပွဲစဉ်မှာဆိုရင်လည်း PSG.LGD ဟာ Group stage ငါးပွဲကစားရာမှာ ငါးပွဲလုံးအနိုင်ရလာဒ်ထွက်ပေါ်ခဲ့ပြီး Upper bracket ကိုတက်ရောက်နိုင်ခဲ့ပါတယ်။

Upper Bracket round 1 မှာတော့ PSG.LGD ဟာ Keen Gaming ကို 2 : 1 ဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပြီး Upper Bracket Finals ကိုတက်ရောက်နိုင်ခဲ့ပြီပဲဖြစ်ပါတယ်။

Upper Bracket Finals မှာတော့ PSG.LGD ဟာ EHOME.Immortal နဲ့ ယှဉ်ပြိုင်ဆော့ကစားရမှာဖြစ်ပြီး အနိုင်ရရှိခဲ့ပါက Grand Finals ကိုတက်ရောက်သွားမှာပဲဖြစ်ပါတယ်။

အကယ်၍ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ Lower Bracket Finals ကိုသွားရောက်ကစားရမှာဖြစ်ပြီး ၎င်းပွဲစဉ်မှာအနိုင်ရရှိခဲ့ပါက Grand Final ကိုတက်ရောက်နိုင်ဦးမှာပဲဖြစ်ပါတယ်။

MLESPORTS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။