ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ ကမ္ဘာ့အတိုဆုံး စစ်ပွဲများထဲမှာ တစ်ခုအပါအဝင်ဖြစ်ခဲ့တဲ့ "(Second Balkan War) ဒုတိယမြောက် ဘော်လ်ကန် စစ်ပွဲအကြောင်းကို ဗဟုသုတဖြစ်ဖွယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ၁၉၁၃ ခုနှစ်တွင် ဘူဂေးရီးယားက တစ်ဖက်၊ ပထမ ဘော်လ်ကန်စစ်ပွဲ မဟာမိတ်များဖြစ်တဲ့ ဂရိ နှင့် ဆာဗီးယားနိုင်ငံများက တစ်ဖက် ဒုတိယ ဘော်လ်ကန်စစ်ပွဲကို ဆင်နွှဲခဲ့ကြတာဖြစ်ပါတယ်။

Photo credit pngtree

ရိုမေးနီးယားနှင့် အောတိုမန် နိုင်ငံများက ဘူဂေးရီးယားကို ဝိုင်းဝန်း တိုက် ခိုက်ခဲ့ကြပါတယ်။ စစ်ပွဲ ဖြစ်လာခြင်းကြောင့် ရုရှား၏ မဟာမိတ် ဖြစ်တဲ့ ဆာဗီးယားဟာ သြစတြီးယား ၊ ဟန်ဂေရီတို့ကို ခြိမ်းခြောက် လာတဲ့ အရေးပါသော ဒေသ အင်အားကြီး နိုင်ငံ ဖြစ်လာခဲ့ရပါတယ်။ ရိုမေးနီးယားတို့က ဇွန်လ (၂၇) ရက်တွင် မက်ဆီဒိုးနီးယားနိုင်ငံကို ကျူးကျော်ဝင်ရောက်၍ တောင်ပိုင်း ဒိုဘရူဂျာကို သိမ်းပိုက်ခဲ့ပြီး မြောက်ပိုင်းသို့ ချီတက်လာကာ ဘူဂေးရီးယားနိုင်ငံ မြို့တော် ဆိုဖီယာကို ခြိမ်းခြောက်မှု ပြုလာခဲ့ပါတယ်။

Photo credit pngtree

ထိုအချိန်တွင် အောတိုမန် အင်ပါရာ နိုင်ငံများက အခွင့်ကောင်းယူကာ ဘူဂေးရီးယားတို့ သိမ်းယူထားခဲ့တဲ့ ယခင်က ယင်းတို့ပိုင်ဆိုင်ခဲ့သော သရေ့စ် ဒေသအချို့ကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့ကြပါတော့တယ်။ ဘူဂေးရီးယားတို့ဟာ ပထမ ဘော်လ်တန် စစ်ပွဲအတွင်းရရှိ ထားခဲ့သော ဒိုဘရူဂျာ အပါအဝင် နယ်မြေအများစုကို ဆုံးရှုံးလိုက်ရပါတယ်။ မက်စီဒိုနီးယားနှင့် သရေ့စ်ဒေသအရှေ့ပိုင်းတို့ကို အော် တိုမန်တို့က သိမ်းယူလိုက်ကြပါတယ်။ စစ်ပွဲက (၃၂) ရက်မျှသာ ကြာမြင့်ခဲ့ပြီး ဘူဂေးရီးယားတို့ ချုပ်ဆိုပေးခဲ့ရတဲ့ နယ်စပ်ဒေသ ဖြေရှင်းရေး သဘောတူ စာချုပ်ဟာလည်း ယာယီမျှသာ သက်တမ်းရှည်ခဲ့ပြီး(၁၀) လအကြာတွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Source မောင် သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

သတင်း ယူရေး ခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။