ပရိသတ်ကြီးရေ.. အမိုက်စားသီချင်းစာသားလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေနဲ့ အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ အနုပညာရှင်ကတော့ အဆိုတော် လွှမ်းပိုင်ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်တဲ့ ဂီတအနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်ချစ်ခင်အားပေးမှုတွေကိုရရှိထားပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက်လုပ်ဆောင်ကာ အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေပါတယ်နော်..။


Photo By Myanmarload
Photo Credit - RBV Photography

ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတဲ့ လွှမ်းပိုင်ကတော့ လတ်တလောမှာ ရိုက်ကူးနေတဲ့ “ရောသမမွှေ” အခွီရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပရိသတ်တွေမမြင်ဖူးသေးတဲ့ ကာရိုက်တာတွေနဲ့ ပါဝင်သရုပ်ဆောင်ထားကြောင်း ပြောပြလာပါတယ်နော်..။

ဇာတ်ကားရိုက်ရင်း အမှတ်တရတွေလည်းအများကြီးရှိပြီး လက်ရှိမှာလည်း ရိုက်ကူးနေဆဲဖြစ်ကာ ကာရိုက်တာပိုင်းကို အရင်က ရိုက်ခဲ့တဲ့ကားတွေနဲ့ မတူဆောင် အများကြီး ပြောင်းလဲထားတဲ့ အောကာင်းကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - RBV Photography
Photo By Myanmarload

“ရောသမမွှေ” ဇာတ်ကားကြီးမှာ ကာရိုက်တာပိုင်းလေးကိုလည်း သဘောကျပြီး စကားပြောတဲ့ပုံစံတွေကအစ ဒီဇိုင်းတွေရော လေယူလေသိမ်းကအစ အကုန်ပြောင်းထားကာ တော်တော်များများက အရင်မလုပ်ဖူးသေးတဲ့ ပုံစံမျိုးဖြစ်အောင် သရုပ်ဆောင်ထားတဲ့အကြောင်း ပြောပြထားတာပါနော်..။

ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် ရောသမမွှေ ရုပ်ရှင်ဇာတ်ကားကြီးအကြောင်း ပြောပြထားတဲ့ အဆိုောတ် သရုပ်ဆောင်လွှမ်းပိုင်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - RBV Photography
Photo By Myanmarload

Photo Credit - RBV Photography

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။