ဦးနှောက်ဟာ လူသားတိုင်းအတွက်အရေးပါ၊ အရာရောက်တဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်...။ ကာယစွမ်းအားနှင့်၊ ဉာဏ်စွမ်းအားတို့ဟာ မွေးရာပါ ပြီးပြည့်စုံတာမဟုတ်ပဲ ကြိုးစားလေ့ကျင့်ယူရမှာသာဖြစ်ပါတယ်..။ ဒါမှသာလျှင် ကျန်းမာချမ်းသာပြီး ပျော်ရွှင်စွာ နေထိုင်နိုင်မှာပါ....။ ၂၁ရာစု အိုင်တီခေတ်ကြီးထဲမှာ အင်တာနက်၊ တီဗွီ၊ ဂိမ်းစတာတွေ ပေါများလာပြီး ကလေးလူငယ်တွေအများစုဟာ ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်မှု အားနည်းလာတာကို မြင်တွေ့ရမှာပါ...။ ဒါကြောင့်မလို့ ငယ်စဉ်ကတည်းက စာဖတ်တာကို အကျင့်လုပ်ပေးမှာသာ ကြီးလာတဲ့အခါကျရင် ဗဟုသုတကြွယ်ဝပြီး လိမ္မာပါးနပ်သူ တစ်ယောက်ဖြစ်လာမှာပါ။

Photo credit pngtree

စာဖတ်ခြင်းဟာ ဦးနှောက်အတွက် အကောင်းဆုံးသော လေ့ကျင့်ခန်းဖြစ်ပြီး အခြားသော နည်းလမ်းကောင်းလေးတွေကိုလည်း စာဖတ်ပရိသတ်ကြီးအတွက် မျှဝေပေးသွားပါ့မယ်။ အသစ်အဆန်းများကို စူးစမ်းလေ့လာခြင်းက ဦးနှောက်ဖွံ့ဖြိုးမှုကို တိုးတက်စေမှာဖြစ်သလို စစ်တုရင်ကစားခြင်းဟာလည်း ဉာဏ်ရည်၊ ဉာဏ်သွေး တိုးတက်စေတဲ့ ကစားနည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၁ ရက် ၊ ၂ရက်ခန့်က ဖြစ်ပွားခဲ့တဲ့ အကြောင်းအရာများကို ပြန်လည်စဉ်းစား မှတ်မိစေခြင်းဖြင့်လည်း ဦးနှောက်ကို လေ့ကျင့်ခန်းပြုလုပ်ပြီးသားဖြစ်မှာပါနော်...။

Photo credit pngtree

အိမ်ထောင်ရှင် အမျိုးသမီးတွေအနေနဲ့ စာဖတ်ဖို့ အချိန်မရတဲ့အခါမှာ ဈေးဝွယ်ထွက်ရင် ဈေးစာရင်းများကို ဂဏန်း ပေါင်းစက်အသုံးမပြုဘဲ ၊ စိတ်ထဲမှာ တွက်ချက်ခြင်းကို အလေ့အကျင့်ပြုလုပ်တာကလည်း ဉာဏ်ရည်၊ ဉာဏ်သွေး တိုးပွားလာစေတဲ့နည်းလမ်းကောင်းလေးပါနော်...။ စိတ်ပါဝင်စားတဲ့ ဝါသနာပါရာ သင်တန်းတစ်ခုခု၊ ဘာသာစကားတစ်ခုခုကို တက်ရောက်သင်ယူတာကလည်း စိတ်ကျန်းမာရေးနှင့် ဉာဏ်ပညာ မြင့်မားဖို့အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။

Photo credit pngtree

Photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။