ပရိတ်သတ်ကြီးရေ မိတ်ကပ်လောကမှာ နာမည်ကြီး လူကြိုက်များတဲ့ မိတ်ကပ်ပညာရှင် မထက်ကိုတော့ ချစ်ပရိတ်သတ်ကြီး ချစ်မယ်ထင်ပါတယ်။မထက်ဟာ အနုပညာလောကမှာကော မိတ်ကပ်လောကမှာ နာမည်ရ မိတ်ကပ်ပညာရှင်တစ်ယောက် ဖြစ်လာသူလေးဖြစ်ပါတယ်။သူမရဲ့ တည်တည်ငြိမ်ငြိမ် ဟန်ပန်လေးနဲ့ စကားပြောပုံလေးကလည်း ပရိတ်သတ်တွေကို စွဲမက်စေခဲ့တာအမှန်ပဲဖြစ်ပါတယ်။

Photo Credit: Ma Htet Facebook
Photo Credit: Ma Htet Facebook

မထက်ဟာဆိုရင် Makeup လောကမှာ အောင်မြင်မှုရရှိ နေတဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်ပြီး သူမရဲ့လက်ရာဟာ အမျိုးသမီးတွေကြားမှာ အတော်လေးကို ရေပန်းစားလျက်ရှိပါတယ်။ ခွဲစိတ်မှုပြုလုပ်ပြီးနောက်ပိုင်း သူမကပိုမိုလှပ လာပြီး အသွင်အပြင်တစ်မျိုး နဲ့ အပြတ်ကိုလန်းနေတာပါ။ လှပလွန်းတဲ့ Body တစ်ခုကို ပိုင်ဆိုင်ထားပြီး ညို့အားပြင်းတဲ့ မျက်နှာတစ်စုံကို ပိုင်ဆိုင်ထားနိုင်သူဖြစ်ခဲ့ပါတယ်။

Photo Credit: Ma Htet Facebook
Photo Credit: Ma Htet Facebook

မထက်ကတော့ သူရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေနဲ့ ဟာသဗီဒီယိုလေးတွေကို သူရဲ့လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။လတ်တလောမှာလည်း သူမရဲ့အလှတရားတွေပေါ်လွင်အောင်ရိုက်ထားတဲ့ အမိုက်စားဗီဒီယိုလေးတွေကို သူမရဲ့ ဖေ့ဘွတ်အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးတွေတိုင်းဟာ ဆွဲဆောင်မှုရှိရှိနဲ့ အရမ်းလှနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် မထက်ရဲ့ ဗီဒီယိုလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit: Ma Htet Facebook
Photo Credit: Ma Htet Facebook

Source:Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။