ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါကတည်းက အနုပညာနယ်ပယ်မှာရေပန်းစားအောင်မြင်ခဲ့တဲ့ အကယ်ဒမီများရှင်ဝါဝါ၀င်းရွှေဟာဆိုရင် ယနေ့အချိန်ထိတိုင် အနုပညာအလုပ်တွေကိုဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး ပရိသတ်တွေရဲ့ရင်ထဲကမင်းသမီးတစ်လက်ဖြစ်ပါတယ်။ဝါဝါ၀င်းရွှေက တစ်ခေတ်မှာလည်းအရမ်းလှပခဲ့သလို ယနေ့အချိန်ထိတိုင်လည်းသူမရဲ့အလှအပတွေကအထင်းသားကျန်ရစ်နေဆဲဖြစ်ပါတယ်နော်။

Photo Credit:Wa Wa Win Shwe&Ko Thet's Facebook
Photo Credit:Wa Wa Win Shwe&Ko Thet's Facebook
Photo Credit:Wa Wa Win Shwe&Ko Thet's Facebook

လက်တလောမှာဆိုရင်တော့ ပရိသတ်တွေကြားမှာ မင်းသမီးကြီးဝါဝါ၀င်းရွှေရဲ့မြေးမလေးနှစ်ယောက်က အရမ်းရေပန်းစားနေတာဖြစ်ပါတယ်။မြေးမလေးနှစ်ယောက်ရဲ့နာမည်လေးတွေကလည်း ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင်းဝါပန်းမြတ်သူ ဆိုပြီး နာမည်လှလှလေးတွေရှိပြီး လူလေးတွေကလည်းအရုပ်မလေးတွေလိုအရမ်းချစ်ဖို့ကောင်းကြတာကို ပရိသတ်ကြီးလည်းလက်ခံမှာပါနော်။

Photo Credit:Wa Wa Win Shwe&Ko Thet's Facebook
Photo Credit:Wa Wa Win Shwe&Ko Thet's Facebook
Photo Credit:Wa Wa Win Shwe&Ko Thet's Facebook

၁၂ရက် ဒီဇင်ဘာလ ၂၀၁၉ဟာဆိုရင် အငယ်မလေးဝင်းဝါပန်းမြတ်သူရဲ့ (၁၆)နှစ်ပြည့်မွေးနေ့လေးပဲဖြစ်ပါတယ်။မွေးနေ့လေးမှာ ဖွားဖွားဝါဝါ၀င်းရွှေကလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတာဖြစ်ပြီး ပရိသတ်တွေကလည်းမွေးနေ့ဆုတောင်လေးတွေရေးပေးထားကြပါတယ်။အခုဆိုရင်တော့ ပန်းသွေးလေးရဲ့(၁၆)နှစ်ပြည့်မွေးနေ့လေးကို သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကျင်းပခဲ့တဲ့ဗီဒီယိုဖိုင်လေးကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Wa Wa Win Shwe&Ko Thet's Facebook
Photo Credit:Wa Wa Win Shwe&Ko Thet's Facebook
Photo Credit:Wa Wa Win Shwe&Ko Thet's Facebook

Photo Credit:Wa Wa Win Shwe&Ko Thet's Facebook

Video Credit:Wa Wa Win Shwe&Ko Thet's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။