ပရိသတ်ကြီးရေ မင်းသမီးချောလေးမိုးယုစံဟာဆိုရင် သာယာနွေးထွေးတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး သားလေးတစ်ယောက်ကိုမွေးဖွားထားတဲ့ မိခင်တစ်ယောက်ဖြစ်ပါတယ်နော်။မိုးယုရဲ့သားလေးကလည်း နည်းနည်းအရွယ်ရောက်လာပြီဖြစ်လို့ မိုးယုစံကအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့ပြန်လည်လုပ်ဆောင်နေပြီး ကြော်ငြာတွေလည်းလက်ခံရိုက်ကူးနေပါတယ်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုစံရဲ့အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေကစောင့်ကြည့်အားပေးနေကြကာ သူမရဲ့တစ်ဦးတည်းသောသားလေးကိုလည်းအရမ်းချစ်ကြပါတယ်နော်။ကောင်းသိင်္ခမိုးသူလေးကလည်း ချစ်မွှေးလေးပါပြီးအေးဆေးတဲ့ကလေးလေးဖြစ်လို့ လူချစ်လူခင်ပေါများတဲ့ကလေးလေးပါနော်။မိုးယုကတော့ သားလေးရဲ့ဘေးမှာအနီးကပ်နေပြီး ပြုစုစောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

သားသားလေးက စကားလေးတွေတီတီတာတာပြောတတ်ပြီး မေမေ့ရဲ့သင်ကြားပြသမှုတွေအောက်မှာ ထူးချွန်ထက်မြက်စွာနဲ့ကြီးပြင်းလာပါတယ်နော်။အခုဆိုရင်လည်း ကောင်းသိင်္ခမိုးသူလေးက မေမေနဲ့အတူ စာအတူတူဖတ်နေပြီး ပျော်ရွှင်နေတာဖြစ်ပါတယ်။မေမေမိုးယုကလည်း သားလေးကိုသေချာသင်ကြားပေးနေတာကြောင့် သားအမိနှစ်ယောက်ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

Photo Credit:Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။