ပရိသတ်ကြီးရေ.. ဂီတလောကမှာ ဆယ်စုနှစ်တွေကတည်းက ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ ဝါရင့်အနုပညာရှင်ကတော့ အမိုက်စားအသံပါဝါအပြင် တေးသီချင်းကောင်းလေးတွေနဲ့ အားလုံးရဲ့ရင်ထဲရောက်ရှိလာတဲ့ အဆိုတော်ကော်နီပဲ ဖြစ်ပါတယ်..။

သီချင်းဆိုကောင်းတဲ့အပြင် အမြဲလန်းဆန်းသွက်လက်ပြီး စကားပြောပွင့်လင်းမှုတွေကြောင့်လည်း အားလုံးက အချစ်ပိုနေကြတဲ့ ကော်နီကတော့ လတ်တလောပရိသတ်တွေကြား အရမ်းကိုရေပန်းစားနေတဲ့ သီချင်းအဆိုပြိုင်ပွဲတွေကို အားပေးတဲ့အကြောင်း ပြောပြလာပါတယ်..။


Photo Credit - Tun Connie’s Facebook
Photo Credit - Tun Connie’s Facebook

လတ်တလောမှာ Myanmar Idol ပြိုင်ပွဲပို သွားရင်းလာရင်းနဲ့လည်း ကြည့်သလို မမှီလိုက်လို့ မကြည့်ရရင်လည်း ဘယ်သူတွေပြုတ်လဲ ဘယ်သူတွေဘာဖြစ်လဲဆိုတာ ဘေးကလူတွေဆီက အင်တာနက်ကနေ ကြည့်ဖြစ်သလို သီချင်းအဆိုပြိုင်ပွဲတွေမှာ Voting ပေးဖူးတဲ့အကြောင်းလေးလည်း ပြောပြထားပါတယ်နော်..။

အိမ်မက်စုံရာကနေ ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ရရှိခဲ့ပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာတစ်ယောက်အဖြစ်လျှောက်လှမ်းနေပြီဖြစ်တဲ့ အဆိုတော်အောင်ထက်ကို အရမ်းကြိုက်တဲ့ သူငယ်ချင်းအပျိုကြီးတစ်ယောက်က အကူအညီတောင်းလို့ အောင်ထက်ကို သူမရဲ့ဖုန်း(၃)လုံးနဲ့ Voting ပေးဖူးတဲ့အကြောင်း ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Aung Htet’s Facebook
Photo Credit - Tun Connie’s Facebook

Myanmar Idol နဲ့ ပတ်သက်ပြီးတော့လည်း “Idol တစ်ခုဖြစ်ဖို့ဆိုတာ အရမ်းခက်တယ် သိသလောက်ဆို သိန်းပေါင်းထောင်ပေါင်းများစွာ အရမ်းအကုန်အကျများတယ် ကလေးတွေ တန်ဖိုးထားတတ်ဖို့လိုတယ် မကော်တို့အရင်က အောင်မြင်ဖို့ဆိုတာ အများကြီး လှုပ်ရှားခဲ့ရတယ် သူတို့က ပရိသတ်တွေရဲ့အချစ်တွေကို ချက်ချင်းရတယ် သူတို့ အရမ်းကံကောင်းတယ် ဒီလိုမျိုးပွဲတစ်ခုဖြစ်တယ်ပေါ့ ဒီထက့်မက ထပ်ပြီးကြိုးစားစေချင်တယ် ဒီတစ်ခေါက်ကလေးတွေ အားလုံးက တော်ကြပါတယ်..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော်ကော်နီရဲ့ အင်တာဗျူးဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Tun Connie’s Facebook
Photo Credit - Tun Connie’s Facebook

Photo Credit - Tun Connie’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။