”အကျွတ်အလွတ်ပွဲ”ဟူသည် မကျွတ်မလွတ်သေးသည့် ပုဂ္ဂိုလ်အပါအဝင် ဝေမာနိကပြိတ္တာများအား ရည်စူးပြုလုပ်ပေး သည့်ပွဲ လည်းဖြစ်သည်။ ထို့ ကြောင့် ယင်းပွဲပြုလုပ်ပြီးပါက ပြိတ္တာနှင့် မကျွတ်မလွတ်သေးသည့် ပုဂ္ဂိုလ်များ တစ်နေရာတ ည်း တစ်ထိုင်တည်း ကျွတ်လွတ်သွားကြပါသလားဟု အငြင်းပွားဖွယ်ရာရှိပါသည်။ ထို့အပြင် ထိုသို့သော အကျွတ်အလွတ်ပွဲများ ပြုလုပ်၍ ကျွတ်တန်းဝင်သွားကြလျှင် တလောကလုံး၌ နာနာဘဝ၊ ပြိတ္တာနှင့် သရဲတစ္ဆေများ လုံးဝမရှိတော့ သလားဟုလည်း ထပ်မံစောဒက တက်စရာရှိလာနိုင်ပါသည်။

ထိုသို့သော မေးခွန်းတို့၏အဖြေကို မြန်မာတစ်နိုင်ငံလုံးတွင် အကျွတ် အလွတ်ပွဲများ အခမဲ့လိုက်လံပြုလုပ်ပေးနေသည့် မန္တလေးအောင်မြေ သာဇံမြို့နယ်မှ ကလျာဏ မိတ္တလူမှုကူညီရေးအသင်း၏ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ရှင်းလင်းပြောကြားခဲ့သည်။

အကျွတ်အလွတ်ပွဲမှာလည်း သချုႋင်းမြေသန့် ရှင်းသပ်ရပ် လာစေရန် ပြုလုပ်သည့် တစ်ခုသောအစဉ် အလာလည်းဖြစ် သည်ဟု ဦးတင်က ဆိုသည်။”ဆရာတော်က သချုႋင်းမြေကြီးမလာကောင်းဘူး ဆိုတဲ့အရာမျိုးမဖြစ်စေချင်ဘူး။ ဒါကြောင့် အကျွတ် အလွတ်ပွဲလုပ်ရင် အနည်းဆုံး ဒီသချုႋင်းမှာဆွေမျိုးတွေ သေဖူးတဲ့သူတော့ လာမယ်။ လူလာများရင် သချုႋင်းက အရင်တုန်းကလို ချုံတောကြီး မဖြစ်တော့ဘူးဆိုပြီး လုပ်ခဲ့တာလည်း ပါတယ်”

သုဗြဟ္မစာရီအဖွဲ့မှ အဘိုးဦးတင်ကမူ ”ယုံတာ မယုံတာ သူတို့အလုပ်ပေါ့ဗျာ။ ပြိတ္တာတွေအတွက် အကျွတ်အလွတ်ပွဲအာ ဟာရကျွေးလို့ သူတို့မစားခဲ့ဘူး ဆိုရင်တောင် ပိုး မွှားတိရစ္ဆာန်တွေ စားသွားလည်း ကုသိုလ်ရပါတယ်”ဟု ဆိုသည်။ အသက် ၁၉ နှစ်ခန့်ရှိ မောင်ဖြိုးမင်းထက်က အကျွတ်အလွတ်ပွဲကို လာရောက်ခြင်းက ယခုနှစ်နှင့်ဆိုလျှင် နှစ်နှစ်သာရှိသေးသည်ဟုဆိုသည်။

သူက တစ္ဆေသရဲ များကိုယ်ထင်ပြကာ လာရောက်စားသောက်ကြမည်ဟု ထင်၍ လာကြည့် ခြင်းဟုလည်း ဆိုသည်။ သို့သော် သူထင်ထားသလိုမဖြစ်ခဲ့။”ကျွေးတာ အမဲသားဟင်းနဲ့ တစ်ပုံ၊ သက်သတ်လွတ်ကတစ်ပုံ။ သက်သတ် လွတ်ထမင်းပုံက အသား ဟင်းထမင်းပုံထက်ပိုလျော့နေ တာ တွေ့ရတယ်။ဘာကြောင့်မှန်းတော့မသိဘူး” ဟု သူတွေ့ကြုံခဲ့ရပုံကို ဆိုသည်။ ထို့ ကြောင့်ပင်ယခုနှစ်လည်း လာရောက် ကြည့်ရှုခြင်းဖြစ်သည်ဟုပြောသည်။

မြန်မာနိုင်ငံ၏ အကျွတ်အလွတ်ပွဲသည် ယုံကြည်သူ တို့အတွက်မူ မကျွတ်မလွတ်သူများက အစားများလာရောက် စားသောက်သည်ဟု ဆိုကြသော်လည်း မယုံကြည်သူများ အတွက်မူ ”ဘာမှလည်း မဟုတ်ပါဘူးကွာ”ဟု ဆိုကာ လှည့်ထွက်သွားကြသည်။ မည်သို့ပင် ဆိုစေယုံကြည်သူနှင့် မယုံကြည်သူများ ရော ပြွမ်းနေခြင်းကပင်အကျွတ်အလွတ်ပွဲ၏ ညအချိန်ကို စည်ကားနေစေခဲ့သည်။

Source : Popular Myanmar News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။