ပရိသတ်ကြီးရေ.. သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူက ကာမလိမ်လည်မှုဖြစ်တဲ့ ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုထားတဲ့ ကိစ္စကတော့ လတ်တလော ပရိသတ်တွေနဲ့ လူမှုကွန်ယက်ကြား စိတ်ဝင်စား လူပြောအများဆုံးပဲ ဖြစ်ပါတယ်နော်..။

ချစ်သူသက်တမ်း(၄)နှစ်ကျော်တွဲလာပြီးတဲ့နောက် မိုးအောင်ရင်ဘက်က ချစ်သူနဲ့လမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်း ပရိသတ်တွေကို အသိပေးခဲ့ပြီး ရက်ပိုင်းအတွင်းမှာ ရည်းစားဟောင်းဖြစ်သူ ခင်မြတ်နိုးက ကာမလိမ်လည်မှုနဲ့ တရားစွဲလိုက်တဲ့သတင်းတွေ ထွက်ပေါ်လာခဲ့တာပါ..။


Photo By Myanmarload
Photo By Myanmarload

မိုးအောင်ရင်ကို အခုလို တရားစွဲဆိုတာနဲ့ ပတ်သက်ပြီး ခင်မြတ်နိုးကတော့ သူမအနေနဲ့ ဒီလိုလုပ်ရင် ဒီလိုအပြောခံရမှာဖြစ်ပြီး ဝေဖန်မှုတွေကို သိပ်ပြီး ဂရုမစိုက်တဲ့အကြောင်းကိုလည်း ပြောပြထားပါတယ်နော်..။

ဝေဖန်တာတွေကိုတော့ ဘာမှ မပြောချင်ဘူး သူတို့က ကိုယ်လည်း မဟုတ်သလို ကိုယ်က သူတို့လည်း မဟုတ်ဘဲ ကိုယ့်အကြောင်း ကိုယ်ပဲ သိတာကြောင့် ဒီလိုပဲ လုပ်တယ်ဆိုရင်တော့ အပြောခံရမှာပဲလေ ကောင်းတာပြောမယ် ဆိုးတာ ပြောမယ် ဝေဖန်တာတွေကတော့ သိပ်ပြီး ဂရုမစိုက်ပါဘူး ဆိုပြီး ပြောပြထားတာပါ..။


Photo By Myanmarload
Photo By Myanmarload

“ကိုယ်မှန်တဲ့အတိုင်းပဲ ကိုယ်လုပ်တာမို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိပြီး ကိုယ်တိုင်ကြုံဖူးမှ သိမှာလေ ကျွန်မကတော့ ဟိုလိုဖြစ်ပါတယ် ဒီလိုဖြစ်ပါတယ် လိုက်ပြီးတော့ ပြောလို့မရဘူးဆိုတော့ ကိုယ်မှန်တာ ကိုယ်သိတယ် ဘုရားသိတယ်..” ဆိုပြီးတော့လည်း ပြောပြထားပါသေးတယ်..။

ဒီကနေ့လေးမှာတော့ မိုးအောင်ရင်ရဲ့ ရည်းစားဟောင်း ခင်မြတ်နိုးရဲ့ ဗီဒီယိုဖိုင်ကိုလည်း ပရိသတ်တွေအတွက် တင်ဆက်မျှဝေပေးလိုက်တာမို့ အားလုံးပဲ ကျေနပ်သဘောကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။