တစ်ဦးတစ်ယောက်စီက မေတ္တာတွေ၊ စောင့်ရှောက်မှုတွေနဲ့ ထောက်ခံမှုတွေ လက်ခံရရှိသလို ထင်နေရတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာတော့ လုပ်ဖော်ကိုင်ဖက်အချင်းချင်း သစ္စာဖောက်တာ၊ နောက်ကျောကို ဓားနဲ့ထိုးတာတွေ ဖြစ်နေတတ်ပါတယ်။ တစ်ကယ်လို့ သင့်အပေါ် မကောင်းကြံနေတာကို အစောကြီးထဲက ကြိုသိနေမယ်ဆိုရင် ထိုသူရဲ့ အကြံအစည်က ဘယ်လိုနည်းနဲ့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ဒါကြောင့်မလို့ ဘယ်လိုမျိုး သိနိုင်မယ်ဆိုတာတွေကို အကြံဉာဏ်ပေး ဖော်ပြလိုက်ပါတယ်။

photo credit pngtree

မိတ်ဆွေစစ်၊ မိတ်ဆွေမှန်၊ bff လို့ ထင်ရတဲ့သူတွေကပဲ သင့်ရဲ့အားနည်းချက်တွေ၊ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်သွားပြီး သစ္စာဖောက်ကာ နောက်ကျောကို ဓားနဲ့ထိုးတဲ့အကွက်တွေ အနည်းနဲ့အများ ကြုံဖူးကြမှာပါ။ အဲ့လိုမျိုးတွေ မကြုံတွေ့ရအောင် ကိုယ့်ရဲ့ မိတ်ဆွေ၊ ပါတနာတွေနဲ့ စကားပြောတဲ့အခါမှာ သတိထားပြီး စကားပြောတတ်ဖို့လိုပါတယ်။

photo credit pngtree

"ကိုယ်ပေါင်း၊ စိတ်ခွာ"ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။ အဲ့လိုပဲ ထိုသူရဲ့ အကြောင်းကို ဂဂနန ဘာမှသေချာမသိသေးပဲ ယုံကြည်မှုပိုကာ အားနည်းချက်တွေ၊ အိမ်တွင်းရေး ကိစ္စတွေကို ထုတ်မပြောမိလိုက်ပါစေနဲ့။ သင်အမှားကြီး၊ မှားသွားပါလိမ့်မယ်။ ပြောချင်တာက ဘယ်သူ့မဆို အယုံမလွယ်၊ အကဲမပိုစေနဲ့ပေါ့ဗျာ။ 

photo credit pngtree

သတင်းအရင်းမြစ် Mg Thit Sar

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။