ပရိသတ်ကြီးရေ ထပ်ဆင့်အကယ်ဒမီမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်ပါတယ်နော်။အူဝဲရဲ့အနုပညာပါရမီကလည်း အရမ်းအားကောင်းတာကြောင့် အနုပညာမှော်ရှိတဲ့သူပါနော်။ယနေ့အချိန်ထိလည်း အနုပညာလောကမှာ အောင်မြင်မှုတွေကိုထိန်းထားနိုင်ဆဲဖြစ်ပါတယ်။

Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page

အူဝဲရဲ့ချစ်ခင်ပွန်းပြေတီဦးကလည်း အနုပညာသမားတစ်ယောက်ဖြစ်တာကြောင့် ချစ်ဇနီးလေးကိုလည်း နားလည်မှုအပြည့်အဝပေးပြီး တစ်ဖက်တစ်လမ်းကနေ ကူညီဖေးမပေးပါတယ်။အူဝဲတို့မှာ သားတစ်ယောက် သမီးတစ်ယောက်ရှိပြီး ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို တည်ဆောက်ထားကြလို့ ပရိသတ်တွေက သူမတို့မိသားစု‌လေးကို အားကျကြပါတယ်။

Photo Credit:Eaindra Kyaw Zin's Page/Li John Photography
Photo Credit:Eaindra Kyaw Zin's Page/Li John Photography

အူဝဲဟာဆိုရင် ကလေးနှစ်ယောက်မွေးဖွားထားပြီးတာတောင် အပျိုတုန်းကအတိုင်းလှပနုပျိုနေတာဖြစ်ပါတယ်။သူမရဲ့အလှအပတွေကို မိန်းကလေးအချင်းချင်းကတောင် အားကျရပြီး မအိုဆေးစားထားသလားတောင်ထင်ရပါတယ်။အခုဆိုရင်လည်း ဆယ်ကျော်သက်အရွယ်လေးလို နုငယ်ပျိုမျစ်ပြီး လှပနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page
Photo Credit:Eaindra Kyaw Zin's Page

Photo Credit:Eaindra Kyaw Zin's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။