ယနေ့မနက်က ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက် အသင်း နှင့် မကွေး အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်အသင်းက မကွေးအသင်းကို ၄-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ရန်ကုန်အသင်းအတွက် ဘာဖို ၂ ဂိုး၊ အောင်ကျော်နိုင် ၁ ဂိုးသွင်းယူခဲ့ပြီး မကွေးအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို အောင်မြင့်ထွန်း က သွင်းယူပေးခဲ့ပါတယ်။ပထမပိုင်း ၄၅ မိနစ်တွင် ကျော်ဇင်ထက် (ဂိုး)၊ သိန်းသန်းဝင်း၊ ကျော်စွာလင်း၊ အဘူဘာကာ၊ ဇာနည်ထက်၊ အောင်ကျော်နိုင်၊ ငြိမ်းချမ်းအောင်၊ မောင်မောင်ဝင်း၊ ရန်ပိုင်စိုး၊ သန်းပိုင် နှင့် စိုးမင်းနိုင် တို့ပွဲထွက်ကစားခဲ့ပြီး ပွဲချိန် ၂၃ မိနစ်တွင် သန်းပိုင် အနီးကပ် ပိတ်သွင်းရန် ကြိုးစားသော်လည်း ဂိုးသမားကာကွယ်ခဲ့ပါတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

ထို့နောက် ရန်ကုန်အသင်း ထောင့်ကန်ဘော ရရှိခဲ့ပြီး ရန်ပိုင်စိုး ကန်တင်ရာ တစ်ဖက်နောက်တန်း ဖျက်ထုတ်ပုံအမှားမှတဆင့် ရန်ကုန်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ဆက်လက်ပြီး ဒုတိယဦးဆောင်ဂိုးကို ပွဲချိန် ၃၆ မိနစ်တွင် ဇာနည်ထက် ပေးပို့မှုကို အောင်ကျော်နိုင် ပိတ်သွင်းယူနိုင်ခဲ့ရာ ရန်ကုန်အသင်း ဒုတိယဦးဆောင်ဂိုး ရရှိခဲ့ပါတယ်။ ပထမပိုင်း ပြီးဆုံးချိန်တွင် ရန်ကုန် ယူနိုက်တက်အသင်းက မကွေးအသင်းကို ၂-၀ ဂိုးဖြင့် ဦးဆောင်နေခဲ့ပါတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

ဒုတိယပိုင်းတွင် ဝေလင်းအောင် (ဂိုး)၊ မင်းကျော်ခန့်၊ ပြည့်ဖြိုးဇော်၊ ထိုက်ထိုက်အောင်၊ ထူးခန့်လွင်၊ ကျော်ဇင်ဦး၊ မောင်မောင်လွင်၊ ရှိုရီ၊ အီစိုး၊ အီမာနျုရယ် နှင့် ဘာဖို တို့ ပါဝင်ခဲ့ပါတယ်။ရန်ကုန်အသင်းကတော့ အချိတ်အဆက်မိမိဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၅၂ မိနစ်တွင် အီမာနျုရယ် ၁၈ ကိုက်ထိပ်မှ အပြင်းကန်သွင်းရာ ဂိုးသမား ပုတ်ထုတ်ကာကွယ်ခဲ့ပြီးပွဲချိန် ၆၇ မိနစ်တွင် ပြည့်ဖြိုးဇော်၊ ရှိုရီ နှင့် အီစိုး တို့အစား အဘူဘာကာ၊ ရန်အောင်ကျော် နှင့် ကြည်လင်းတို့ အစားထိုးပါဝင်ခဲ့ပါတယ် ။ပွဲချိန် ၆၈ မိနစ်တွင် မကွေးအသင်း ချေပဂိုး ရရှိခဲ့ပြီး အောင်မြင့်ထွန်း က သွင်းယူပေးခဲ့ပါတယ်။ ချေပဂိုးပေးပြီး မိနစ်အနည်းငယ်အကြာတွင် ရန်ကုန်အသင်း ထောင့်ကန်ဘော ရရှိခဲ့ပြီး ကြည်လင်း ကန်တင်ရာ ဘာဖို ခေါင်းတိုက် သွင်းယူပေးခဲ့ပါတယ်။ ဆက်လက်ပြီး ရန်ကုန် အသင်းအတွက် စတုတ္ထဂိုး ကို ဘာဖို ကပင် ကြည်လင်းနှင့် အချိတ်ဆက်မိမိကစားကာ သွင်းယူပေးနိုင်ခဲ့ပါတ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် အသင်းက မကွေးအသင်းကို ၄-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။ရန်ကုန်ယူနိုက်တက် အသင်းကခြေစမ်းပွဲအပါအဝင် လေးပွဲ ယှဉ်ပြိုင်ကစားထားပြီး ပြီးခဲ့တဲ့ ရခိုင်ယူနိုက်တက် အသင်းနှင့်ပွဲစဉ်တွင် ၄-၂ ဂိုး၊ စစ်ကိုင်းယူနိုက်တက်အသင်းနှင့်ပွဲစဉ်တွင် ၁-ဝ၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ပွဲစဉ်တွင် ၄-၃ အသီးသီး အနိုင်ရရှိထားခဲ့ပါသေးတယ်။ကဲ့ ပရိသတ်တေအတွက်ဒီနေ့ကစားခဲ့ကြတဲ့ ရန်ကုန်ယူနိုက်တက် အသင်းနှင့် မကွေးယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်ကိုပြန်လည်တင်ပြလိုက်ပါတယ်။

Source - Yangon United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။