ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းနှင့် ဆောက်သမ်းမြန်မာ (ယူ-၁၉)အသင်းတို့၏ ပွဲစဉ်ကို ယနေ့ညနေ ၃:၃၀ နာရီအချိန် ရန်ကုန်ယူနိုက်တက်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားတော့မှာ ဖြစ်ပါတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

ရန်ကုန်လူငယ်အသင်းရဲ့ပထမဦးဆုံး ခြေစမ်းပွဲစဉ်ဖြစ်တဲ့ ရခိုင်ယူနိုက်တက် (ယူ-၁၉) အသင်းနဲ့ ပွဲစဉ်မှာ ရန်ကုန်အသင်းက ရခိုင်လူငယ်အသင်းကို ၉-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ယခုလာမယ့်ပွဲစဉ်မှာတော့ ဘယ်လိုကစားကွက်တွေ သွင်းဂိုးတွေနဲ့ ပရိသတ်တွေကို ပြသသွားမလဲဆိုတာကို စောင့်ကြည့်အားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

Photo Credit - Yangon United FC
Photo Credit - Yangon United FC

ရန်ကုန်ယူနိုက်တက်အသင်းဖြစ်တဲ့ ယူ-၁၉အသင်းကတော့ ရခိုင်ယူနိုင်တက်အသင်းကို ခြေစွမ်းကောင်းတွေနဲ့အတူ ရလဒ်ကောင်းတွေကိုရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ယနေ့ညနေပွဲစဉ်ကိုလည်း ပရိသတ်တွေကြည့်ရှုအားပေးဖို့သတင်းကောင်းပေးလိုက်ပါတယ်။

Source - Yangon United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။