ပရိသတ်တွေအရမ်းစိတ်ဝင်စားနေကြတဲ့ '' The Mask Singer Myanmar'' ပြိုင်ပွဲကြီးမှာတော့ နယ်ပယ်ပေါင်းစုံက အနုပညာရှင်တွေ ဝင်ရောက်ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ မနေ့ညကကျင်းပပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲကြီးမှာဆိုရင်လည်း အနုပညာရှင်နှစ်ယောက်က မျက်နှာဖုံးတွေချွတ်ပြခဲ့ရပါတယ်။ သူတို့နှစ်ယောက်ကတော့ မင်းသားအောင်ရဲထိုက်နဲ့ အဆိုတော် ပိုပိုဟေသာတို့ပဲ ဖြစ်ကြပါတယ်။

Photo Credit- Aung Ye Htike's FB
Photo Credit- Po Po Heather's FB
Photo Credit- Aung Ye Htike's FB
Photo Credit- Aung Ye Htike's FB

ဖိုးဝရုပ်ရဲ့မျက်နှာဖုံးပိုင်ရှင်ကတော့ မင်းသားချောလေး အောင်ရဲထိုက်ဖြစ်ပြီး သီးမွှေးမျက်နှာဖုံးအောက်က အနုပညာရှင်ကတော့ အဆိုတော်ပိုပိုဟေသာပဲ ဖြစ်ပါတယ်။ အခုလည်း အောင်ရဲထိုက်က ''ဟိုင်း ကျွန်တော်ပါ ဖိုးဝ ပါခင်ဗျာ အားလုံး suprise ဖြစ်နေမယ်လို့ထင်ပါတယ်။ နောက်ထပ်မျက်နှာဖုံးရှင်တွေဘယ်သူတွေဖြစ်မလဲဆိုတာ ပရိသတ်ကြီး သိချင်သလို ကျွန်တော်လဲ သိချင်ပါတယ်။ ဖိုးဝကိုအားပေးကြတဲ့ ပရိသတ်ကြီးကိုလဲကျေးဇူးတင်ပါတယ်။သောကြာည ၇နာရီ ခွဲ အချိန်တိုင်း Channel me မှာအဖြေရှာရအောင်နော် '' ဆိုပြီး ဖိုးဝမျက်နှာဖုံးနဲ့ ပုံရိပ်လေးတွေကို အမှတ်တရ တင်ပေးထားပါတယ်။

Photo Credit- Po Po Heather's FB
Photo Credit- Aung Ye Htike's FB
Photo Credit- Po Po Heather's FB
Photo Credit- Aung Ye Htike's FB

အဆိုတော်မလေး ပိုပိုဟေသာကလည်း ''သွေးကြောထဲက စွမ်းအင်များ ကိုကိုဖန်ဆင်းပေးထားလားhe Mask Singer Myanmarကို ကြည့်ရှုအားပေးရင်းနဲ့ သီးမွှေးလေးကြောင့် အားလုံးပဲ ပျော်ရွှင်ကြပါစေ နောက်နေ့တွေမှာလည်း ဘယ်မျက်နှာဖုံးရှင်တွေကို သိရမလဲဆိုတာ အရမ်းစိတ်လှုပ်ရှားနေမိပါပီ '' ဆိုပြီး ပရိသတ်တွေကို နှုတ်ဆက်စကားဆိုထားပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်ရဲထိုက်နဲ့ ပိုပိုဟေသာတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit- Aung Ye Htike's FB & Photo  Po Po Heather's FB

Photo Credit- Po Po Heather's FB
Photo Credit- Aung Ye Htike's FB
Photo Credit- Po Po Heather's FB
Photo Credit- Aung Ye Htike's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။