တောင်ကိုရီးယားသမ္မတရဲ့ ကိုယ်ရံတော်သက်တော်စောင့်ကတော့ ချောမောပြီးယောကျာ်းပီသတဲ့သွင်ပြင်ကြောင့် မိန်းမပျိုလေးတွေအတွက် အင်တာနက်မှာ လက်ရှိမျက်စိကျစရာဖြစ်နေပါတော့တယ်။

တောင်ကိုရီးယားသမ္မတသစ်အနေနဲ့ Moon Jae-inဟာ မကြာခင်က ရွေးချယ်တင်မြှောက်ခံခဲ့ရပေမယ့် လူတွေစိတ်ဝင်စားတာသူမဟုတ်ဘဲ သူ့ရဲ့ကိုယ်ရံတော် သက်တော်စောင့်တွေထဲက တစ်ယောက်ဖြစ်တဲ့ အသက် ၃၆နှစ်အရွယ်ရှိ Choi Young-jae ပဲဖြစ်ပါတယ်။

သူ့ရဲ့ယောကျာ်းပီသတဲ့ ခပ်တည်တည်မျက်နှာထားကြောင့် အင်တာနက်မှာ မိန်းကလေးတွေသည်းသည်းလှုပ်ဖြစ်နေရပေမယ့်လဲကံဆိုးစွာနဲ့ပဲ သူဟာ အိမ်ထောင်ရှိပြီး ကလေးနှစ်ယောက်ရှိသူဖခင်ပါ။

ဒါပေမယ့်လည်း အင်တာနက်မှာသူ့ရဲ့ ကြည့်ကောင်းလှတဲ့ပုံတွေကပျံ့နေဆဲဖြစ်ပြီး မိန်းကလေးတွေကလည်း သည်းသည်းလှုပ်ဖြစ်နေဆဲပါ။

Source : nextshark

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။