ယောက်ျားလေးပရိသတ်တွေကြားမှာ အကြီးအကျယ်ရေပန်းစား အောင်မြင်နေသူလေးကတော့ မင်းသမီးချော လုလုအောင်ပဲ ဖြစ်ပါတယ်။ မော်ဒယ်တစ်ဦးအဖြစ် အနုပညာလမ်းကြောင်းကို စတင်လျှောက်လှမ်းခဲ့တဲ့ လုလုအောင်က ကြော်ငြာနဲ့ သီချင်းဗီဒီယိုတွေ ရိုက်ကူးခဲ့ရပါတယ်။ လုလုအောင်က တစ်နေ့တစ်ခြား ပိုမိုအောင်မြင်လာပြီး ပရိသတ်တွေအားပေးမှုများစွာနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

Photo Credit - Lu Lu Aung's FB
Photo Credit - Lu Lu Aung's FB
Photo Credit - Lu Lu Aung's FB

သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ လုလုအောင်က ကလေးအမေလို့ထင်ရက်စရာမရှိအောင်ကို လှနိုင်လွန်းတာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေက သူမကို ခေးကြီးလုလို့ ချစ်စနိုးခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ပိုပိုပြီးလှလာတဲ့ လုလုအောင်က အခုလည်း ပရိသတ်တွေရင်ခုန်အောင် ဖမ်းစားလိုက်ပါတယ်။

Photo Credit - Lu Lu Aung's FB
Photo Credit - Lu Lu Aung's FB
Photo Credit - Lu Lu Aung's FB

ခေးကြီးလုက အလန်းစားဖက်ရှင်နဲ့ ကိုယ်လုံးအလှပေါ်လွင်အောင် ရိုက်ကူးထားတဲ့ပုံလေးတွေကို မျှဝေလိုက်တာ ဖြစ်ပါတယ်။ ဆံပင်တိုတိုလေးနဲ့လိုက်ဖက်တဲ့ လုလုအောင်က ဆယ်ကျော်သက်လေးတစ်ယောက်လို ပျိုမျစ်နုပျိုနေတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခေးကြီးလုလုအောင်ရဲ့ အမိုက်စားအလှပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Lu Lu Aung's FB

Photo Credit - Lu Lu Aung's FB
Photo Credit - Lu Lu Aung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။