ပရိသတ်ကြီးရေ.. သရုပ်ဆောင်မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူက ကာမလိမ်လည်မှုဖြစ်တဲ့ ပုဒ်မ ၄၁၇ နဲ့ တရားစွဲဆိုထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပရိသတ်တွေလည်း သိထားပြီး ဖြစ်မှာပါနော်..။

မိုးအောင်ရင်နဲ့ ရည်းစားဟောင်းဖြစ်တဲ့ ခင်မြတ်နိုးတို့ကတော့ ချစ်သူသက်တမ်း (၄)နှစ်ကျော်တွဲလာခဲ့ကြပြီး မကြာသေးခင်ကမှ မိုးအောင်ရင်ဘက်က ချစ်သူနဲ့လမ်းခွဲလိုက်ပြီ ဆိုတဲ့အကြောင်း အင်တာဗျူးမှာ ပြောကြားခဲ့ကာ ခင်မြတ်နိုးကလည်း ကာမလိမ်လည်မှုနဲ့ တရားစွဲလိုက်တာပဲ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo Credit - Moe Aung Yin's Facebook

မိုးအောင်ရင်ကတော့ ပထမဆုံးရုံးချိန်းကို မတက်ရောက်နိုင်ခဲ့ဘဲ ဒီဇင်ဘာ(၁၄)ရက်နေ့က တက်ရောက်လာခဲ့ပြီး အာမခံလျှောက်ထားခဲ့ကာ ကျပ်သိန်း(၁၀၀)တန် ခံဝန်နှစ်ဦးနဲ့ အချုပ်လွတ်ထုချေခွင့် ပြုခဲ့တယ်လို့ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်း ပြောပြလာပါတယ်..။

အာမခံလျှောက်ထားတဲ့အတွက် တရားရုံးကနေ ပုဒ်မ(၄၉၆)အရ ကျပ်သိန်း(၁၀၀)တန် ခံဝန်နှစ်ဦးနဲ့ အချုပ်လွတ်ထုချေခွင့်ပြုခဲ့ကာ နောက်ရုံးချိန်းမှာ မှုခင်းစီမံခန့်ခွဲမှု အစီအစဉ်အရ အစည်းအဝေးပြုလုပ်ဖို့အတွက်ကို အကြောင်းကြားစာကို တစ်ခါတည်း ပေးလိုက်တဲ့အကြောင်းလေးကို ပြောပြထားတာပဲ ဖြစ်ပါတယ်..။


Photo By Myanmarload
Photo Credit - Moe Aung Yin's Facebook
Photo By Myanmarload

ပထမဆုံးရုံးချိန်ကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၆)ရက်နေ့က ပြုလုပ်ခဲ့ပြီး မိုးအောင်ရင်ကတော့ မလာရောက်နိုင်ခဲ့ဘဲ ဒီဇင်ဘာ(၁၄)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ဒုတိယအကြိမ်ရုံးချိန်းကိုတော့ တက်ရောက်ခဲ့ပြီး နောက်ရုံးချိန်းကိုတော့ လာမယ့် (၂၀၂၀) ဇန်နဝါရီ(၇)ရက်နေ့ ပဲ ဖြစ်ပါတယ်နော်..။

ပြစ်မှုထင်ရှားရင်တော့ ဥပဒေမှာက ထောင်ဒဏ်(၃)နှစ်ဖြစ်စေ ငွေဒဏ်နဲ့ဖြစ်စေ ဆိုပြီး ပြဌာန်းထားတယ် ဆိုပြီး ပြောပြထားတဲ့ မြို့နယ်တရားသူကြီး ဦးထွန်းနိုင်ဝင်းရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Moe Aung Yin's Facebook
Photo By Myanmarload

Photo Credit - Moe Aung Yin's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။