ဘောလုံးသမားအောင်သူနဲ့ သရုပ်ဆောင် ပိုးအိအိခန့်တို့ဇနီးမောင်နှံကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝရရှိထားကြတာ ဖြစ်ပါတယ်။ အေးချမ်းတည်ငြိမ်တဲ့ဘဝလေးတစ်ခုကို ပိုင်ဆိုင်ခဲ့ပြီဖြစ်တဲ့ အောင်သူတို့ဇနီးမောင်နှံက သားလေးကြောင့် ပျော်ရွှင်နေရပြီ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အောင်သူနဲ့ ပိုးအိအိခန့်တို့ရဲ့သားဦးလေးကိုတော့ ပရိသတ်တွေကပါ ဝိုင်းချစ်နေရတာ ဖြစ်ပါတယ်။

Photo Credit - Poe Ei Ei Khant's FB
Photo Credit - Aung Thu's FB

ပကာသနတွေကင်းပြီး အေးချမ်းစွာနေထိုင်နေတဲ့ အောင်သူတို့မိသားစုလေးက တကယ်ပဲ အားကျချင်စရာကောင်းလှပါတယ်။ ပိုးအိအိခန့်က သူမတို့မိသားစုရဲ့ ပုံရိပ်လေးတွေကို မကြာခဏဆိုသလို မျှဝေပေးလေ့ရှိတာ ဖြစ်ပါတယ်။ အခုလည်း အောင်သူနဲ့ ပိုးအိအိခန့်တို့စုံတွဲလေးက နှစ်ယောက်အတူတူ ဘုရားသွားဖူးခဲ့ကြပါတယ်။

Photo Credit - Poe Ei Ei Khant's FB
Photo Credit - Poe Ei Ei Khant's FB

ပိုးအိအိခန့်က ချစ်ခင်ပွန်းအောင်သူနဲ့အတူ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့တဲ့ ပုံလေးကိုတင်လိုက်တာ ဖြစ်ပါတယ်။ နှစ်ယောက်သားလက်ချင်းတွဲပြီး ဘုရားဖူးနေတဲ့ သူတို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးက ကြည်နူးစရာကောင်းနေပြန်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အောင်သူနဲ့ပိုးအိအိခန့်တို့စုံတွဲလေးရဲ့ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit - Aung Thu's FB & Poe Ei Ei Khant's FB

Photo Credit - Poe Ei Ei Khant's FB
Photo Credit - Poe Ei Ei Khant's FB
Photo Credit - Alinn Young

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။