မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းနှင့် ဆောက်သမ်းမြန်မာ (ယူ-၁၉) အသင်းတို့၏ ခြေစမ်းပွဲစဉ်တွင် ရန်ကုန်လူငယ်အသင်း ဆောက်သမ်းလူငယ်အသင်းကို ကျော်သီဟ ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

Photo Credit -Yangon United FC
Photo Credit -Yangon United FC

လာမည့် ဘောလုံးရာသီအတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်နေကြသည့် အတွက် ပွဲမှာ အကြိတ်အနယ် ဖြစ်ခဲ့ပါတယ်။ ပထမပိုင်း ၇ မိနစ်မှာပင် ရန်ကုန်အသင်းအတွက် ကျော်သီဟ က ၁၈ ကိုက်ထိပ်မှ အပြင်း ကန်သွင်းခဲ့ပြီး အနိုင်ဂိုးကိုသွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit -Yangon United FC
Photo Credit -Yangon United FC

လက်ကျန်ပွဲချိန်များတွင် ဂိုးဆက်လက်သွင်းယူနိုင်ခြင်းမရှိဘဲ ပွဲပြီးဆုံးချိန်တွင် ရန်ကုန်ယူနိုက်တက် (ယူ-၁၉) အသင်းက ဆောက်သမ်းမြန်မာ (ယူ-၁၉) အသင်းကို ၁-ဝ ဖြစ် အနိုင်ရရှိခဲ့ပါတယ်။ ကဲ့ ပရိသတ်ကြီးရေ အောင်ပွဲတွေဇာတ်တိုက်ရရှိနေတဲ့ ရန်ကုန်ယူနိုက်တက် ယူ-၁၉ အသင်းကိုဂုဏ်ပြုပေးလိုက်ပါအုန်း။

Source - Yangon United Fc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။