ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ အမိုက်စားအသံပါဝါနဲ့ အားလုံးရဲ့ရင်ထဲရောက်ရှိလာသူကတော့ အဆိုတော်နီနီခင်ဇော်ပဲ ဖြစ်ပါတယ်နော်..။
နီနီလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ပြည်ပမှာ ကျင်းပပြုလုပ်ခဲ့တဲ့ သူမရဲ့တစ်ကိုယ်တော်ရှိုးပွဲလေးမှာ ပရိသတ်တွေရဲ့ ထင်မှတ်မထားတဲ့ အားပေးမှုတွေကြောင့် ပျော်ရွှင်ရပြီး ခွန်အားဖြစ်တဲ့အကြောင်းလေး ပြောပြလာပါတယ်..။
ပြည်ပကို မိသားစုလိုက်ရောက်နေတဲ့သူတွေရော ကျောင်းတတ်နေကြတဲ့သူတွေကတော့ အပြည့်လာပြီး အားပေးကြတဲ့အတွက် အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိတယ် တစ်ဖွဲ့လုံးလည်း ဝမ်းသာပျော်ရွှင်ရတဲ့အကြောင်းလေးကို နီနီက ပြောပြထားတာ ဖြစ်ပါတယ်..။
ပရိသတ်တွေရဲ့ကျေးဇူးကြောင့် အရမ်းပျော်စရာကောင်းပြီး မထင်မှတ်ထားဘဲနဲ့ နီနီ့ကို ပျော်ရွှင်မှု အပြည့်အဝပေးတယ် ခွန်အားဖြစ်ပြီးတော့ ဆက်ပြီးကြိုးစားသင့်တယ်ဆိုတာလည်း သဘောပေါက်သွားတယ် ဆိုပြီးတော့လည်း ပြောပြထားပါတယ်နော်..။
ပထမဆုံးပြည်ပထွက်ပြီး ကျင်းပပြုလုပ်တဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲဖြစ်တဲ့အတွက် ရှေ့လျှောက်လည်း ပိုပြီးတော့ ခွန်အားဖြစ်စေတယ်ဆိုပြီးတော့လည်း ပရိသတ်တွေကြောင့် အတိုင်းမသိ ဝမ်းသာပျော်ရွှင်ရတဲ့အကြောင်းလေးကိုလည်း ပြောပြထားပါသေးတယ်..။
လတ်တလောမှာတော့ ရှိုးပွဲပြီးထားတာ မကြာသေးတဲ့အတွက် အနားယူရင်း သီချင်းတွေလုပ်နေသလို အခြားသီချင်းအသစ်တွေလည်း ပြင်ဆင်နေတဲ့အကြောင်း ပြောပြထားတဲ့ နီနီရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။
Photo Credit – Ni Ni Khin Zaw’s Facebook
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။