အနုပညာအလုပ်တွေလည်းလုပ်၊ တစ်ဖက်ကလည်းပညာကိုဆက်လက်ကြိုးစားသင်ယူနေတဲ့ယွန်းယွန်းလေး။ ဆယ်တန်းအောင်ပြီးနောက် စိတ်ပညာကိုစိတ်ပါဝင်စားတဲ့အတွက် ရန်ကုန်တက္ကသိုလ်မှာ စိတ်ပညာကိုသင်ယူနေပြီး တစ်ဖက်ကလည်း စီးပွားရေးနဲ့သက်ဆိုင်တဲ့သင်တန်းတွေတက်ရောက်နေတယ်လို့ ယွန်းယွန်းလေးကဆိုပါတယ်။

‘‘ညီမ ငယ်ငယ်ကတည်းက စိတ်ပညာကို ဝါသနာပါတယ်။ ပြီးတော့ စိတ်ပညာနဲ့ပတ်သက်တဲ့ စာအုပ်တွေကိုလည်း ငယ်ငယ်ကတည်းက ဖတ်ဖြစ်တယ်။ ငယ်ငယ်ကတည်းက စိတ်ပညာဆရာဝန် ဖြစ်ချင်ခဲ့တာပါ။ ဒါပေမဲ့ အခုကြီး လာတဲ့အခါ ဆယ်တန်းအောင်တော့ အမှတ်က ၄၀၀ ကျော်ပဲရတဲ့အတွက် စိတ်ပညာမေဂျာကို ရန်ကုန်တက္ကသိုလ်မှာ တက်လို့ရတယ်ဆိုတာနဲ့ ညီမ အဲဒီမေဂျာပဲယူပြီး တက်ဖြစ်ခဲ့တာပါ။ စီးပွားရေးနဲ့ပတ်သက်တဲ့ သင်တန်းကတော့ Association of Business Executives မှာ Level 4 အောင် ပြီးပါပြီ။ အခု Level 5 တက်နေတာပါ’’ လို့ ယွန်းယွန်းကနေ 7days သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ သက်မွန်မြင့်နဲ့အတူ ဆေးကြော်ငြာတစ်ခုရိုက် ကူးထားပြီး အခြားကြော်ငြာတွေလည်း ဆက်လက်ရိုက်ကူးရန် ရှိကြောင်းနှင့် ဇာတ်ကားရိုက်ကူးခြင်း မရှိသေး၍ စောင့်မျှော်နေကြသည့် ပရိသတ်များကို တောင်းပန်ကြောင်း အကယ်ဒမီယွန်းယွန်းကနေ ပြောကြားခဲ့ပါတယ်။

Source : 7days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။