ဗီယက်နမ်နိုင်ငံ ဘန်ဒေါင်းမြို့တွင်ကျင်းပနေတဲ့ BTV International Football Tournament - Number One Cup 2019 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့လက်ရွေးစင် ယူ-၂၀အသင်းကတော့ဒီဇင်ဘာလ ၁၄ရက်နေ့က အိမ်ရှင် ဗီယက်နမ်ကလပ် Becamex Binh Duong အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

Photo Credit - MFF
Photo Credit - MFF

ပထမပိုင်းမှာတော့ ဗိယက်နမ်ကလပ် Becamex Binh Duong အသင်းက (၁-ဝ)ဦးဆောင်ဂိုးရယူထားတာပဲဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ခြေပဂိုးတွေရရှိထားပြီး ပွဲစဉ်မိနစ်၉၀ပြီးမှာတော့ နှစ်ဖက်အသင်းလုံးက (၃-၃)ဂိုးဖြစ်သရေကျခဲ့ပါတယ်။ နောက်ထပ် အချိန်ပို မိနစ် ၃၀ပြီးမှာတော့နှစ်သင်းလုံးက တစ်ဖက်တစ်ဂိုးစီထပ်ရခဲ့ပါတယ်။ ပွဲချိန်ပြီးမှာတော့(၄-၄)ဂိုးဖြစ်သရေထပ်ကျ၍ပင်နယ်တီအဆုံးအဖြတ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ-၂၀အသင်းက ဗိယက်နမ်ကလပ် Decamex Binh Duong အသင်းကို (၅-၄)ဂိုးဖြစ်ရှုံးနိမ့်ခဲ့ပါတယ်။

Photo Credit - MFF
Photo Credit - MFF

မြန်မာလက်ရွေးစင် ယူ-၂၀ အသင်းကတော့နောက်ထပ် တတိယယုပွဲကိုယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာလက်ရွေးစင် ယူ-၂၀အသင်း နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းကတာဝန်ယူဆောင်ရွက်နေတာပဲဖြစ်ပါတယ်။

Source - Myanmar Football Federation 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။