ကြားလိုက်ရတဲ့ သတင်းတွေကတော့ တစ်နေ့တစ်မျိုး နားနဲ့မဆန့်အောင်ပါပဲ။
သူကတော့ မိန်းမနဲ့ ကလေးကြောင့် သက်သေသွားတာပါတဲ့။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဗလသိဒ္ဒိရပ်ကွက် တိုက်အမှတ် (၂၃၃၃)မှာ နေထိုင်တဲ့ ကိုဖြိုးဇေယျာဦးဟာ မေလ(၁၄)ရက်နေ့ညနေပိုင်းက ကြိုးဆွဲချ သေဆုံးခဲ့ပါတယ်။
အဆိုပါသေဆုုံးသူ အမျိုးသားဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ကုသရေးဌာနက ယာဉ်မောင်းအဆင့်(၄)နဲ့ လုပ်ကိုင်နေတဲ့ သူဖြစ်ပြီး ညာလက်ဖျံမှာ ဓားနဲ့ ၁၁ ချက်မွှန်းပြီး နင်ပျော်ပါစေ ဆိုပြီး သွေးနဲ့စာရေးထားတာကိုတွေ့ရပါတယ်။သေကြောင်းကြံစည်မှုဖြစ်ပွားချိန်အတွင်း အရက်သေစာသောက်ကာကြံစည်ခဲ့တာဖြစ်တယ်လို့အမှတ်(၇)နယ်မြေရဲစခန်းကပြောပါတယ်။
“မိန်းမရဲ့အကိုမင်္ဂလာဆောင်ရှိတယ်ဆိုပြီး သွားတာ မနေ့က တနင်္ဂနွေကားနဲ့ပြန်လာခဲ့ဖို့ ပြန်မလာရင် နောက်ဆုံးမမြင်ရတော့ဘူးဆိုပြီး အသံဖိုင်တွေပို့ထားကာ လက်မှာလည်း မွှန်းထားပြီးတော့ နင်မလာရင် ငါ့ကိုငါ အဆုံးစီရင်မယ်ဆိုပြီး ပို့ထားတာတွေ တွေ့ရတယ်””လို့ စခန်းမှုးရဲအုပ်ဇော်မျိုးဝင်းက ပြောပါတယ်။
ကိုဖြိုးဇေယျာဦးဟာ မိန်းမနဲ့ သမီးဖြစ်သူ ရန်ကုန်ကနေပြန်မလာတော့တဲ့အတွက် အရပ်သောက်ကာ သေကြောင်းကြံစည်ခဲ့တာဖြစ်ပြီး သေဆုံးမှုကို သေမှုသေခင်းအမှတ်(၁/၂၀၁၇)နဲ့ ရဲအုပ်ဇော်မျိုးဝင်းက တရားလိုပြုလုပ်အမှုဖွင့်ထားတာ အလောင်းကို နေပြည်တော်ခုတင်(၁)ထောင်ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
သတင်းအရင်းမြစ် DVB
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။