ပရိသတ်ကြီးရေ.. ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ အနုပညာရှင်တွေထဲမှာ MRTV-4 မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကတော့ ချစ်စရာဟန်ပန်လေးတွေနဲ့ အားလုံးကို အချစ်ပိုစေသူလေးပဲ ဖြစ်ပါတယ်..။

ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် “ရေဝတီ” ဆိုတဲ့ ဇာတ်ကောင်နာမည်လေးနဲ့ ပရိသတ်ရင်ထဲရောက်ရှိခဲ့တဲ့ နန်းနန်းလေးကတော့ အခုဆိုရင် ပြည်သူချစ်တဲ့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်အဖြစ် ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးနေသူလေးပဲ ဖြစ်ပါတယ်နော်..။


Photo Credit - Li John Pgotography
Photo Credit - Nan Sandar Hla Htun’s Facebook

ပရိသတ်တွေရဲ့ အသည်းကျော်လေး နန်းနန်းကတော့ သူမရဲ့အချစ်ရေးနဲ့ ပတ်သက်ပြီး သူမကို သစ္စာရှိတဲ့လူကို မတွေ့ဖူးသေးသလို ဖောက်ပြန်တာကိုလည်း လုံးဝနားလည်လက်မခံပေးနိုင်ဘူးဆိုပြီး ပြောပြလာပါတယ်..။

စီနီယာတွေဖြစ်တဲ့ ခိုင်သင်းကြည်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို ပြန်ရိုက်ထားတဲ့ သူမရဲ့ဇာတ်ကားလေးနဲ့ ပတ်သက်ပြီး ပြောပြရင်း အပြင်မှာဆိုရင် ဖောက်ပြန်တာကိုတော့ လက်မခံပေးနိုင်ဘူး ဘာလုပ်တာလဲ ဖြန်းဆိုပြီး ရိုက်မိမှာပါ ဆိုပြီး ချစ်စဖွယ်လေး ပြောပြထားတာပဲ ဖြစ်ပါတယ်..။


Photo Credit - Nan Sandar Hla Htun’s Facebook
Photo Credit - Nan Sandar Hla Htun’s Facebook

မခိုင်လေးရဲ့ဇာတ်ကားကို ပြန်ရိုက်ထားတဲ့အပေါ်မှာလည်း ပထမတော့ စိုးရိမ်မိပေမယ့် ကာရိုက်တာကို စိတ်ထဲထည့်လိုက်တဲ့အချိန်မှာတော့ အဆင်ပြေသွားခဲ့ပြီး မခိုင်လေးသရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်တဲ့ ရူးသွားတဲ့အခန်းကို တွေ့တော့ ကြက်သီးတွေတောင်ထတယ် ဆိုပြီးတော့လည်း နန်းနန်းလေးက ပြောပြထားပါသေးတယ်..။

ပရိသတ်ကြီးရေ.. ဇာတ်ကားအကြောင်းပြောပြရင်း နန်းနန်းလေးကတော့ အပြင်မှာဆိုရင် ဖောက်ပြန်တာကို လုံးဝလက်မခံသလို သူမအပေါ်သစ္စာရှိတဲ့လူကို မတွေ့ဖူးသေးတဲ့အကြောင်းလေးကိုပါ ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို အားလုံးအတွက် တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit - Nan Sandar Hla Htun’s Facebook
Photo Credit - Nan Sandar Hla Htun’s Facebook

Photo Credit - Nan Sandar Hla Htun’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။