အနုပညာအဖိုးအဖွားများအား ကူညီစောင့်ရှောက်ပေးနေတဲ့ မလင်းတို ့ရဲ ့”အနုပညာဆည်းဆာရိပ်”

သရုပ်ဆောင်လင်းဇာနည်ဇော်က မလင်းတို ့ရဲ ့”အနပညာဆည်းဆာရိပ်”ဘိုးဘွားရိပ်သာမှာ အနုပညာသက်ကြီးအဖိုးအဖွားများကို ခေါ်ယူကာ

ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်းကို လူမှုကွန်ရက်စာမျက်နှာကဆင့် ပြောပြခဲ့ပါတယ်။

မေလ ၁၄ ရက်နေ ့ကလည်း မလင်းတို ့ဟာ မင်းသားကြီး အဖေကြီး ဦးတင်ထွန်းကို “အနုပညာဆည်းဆာရိပ်”တွင်ခိုလှုံရန် သွားခေါ်ခဲ့ကြောင်း သိရှိရပါတယ်။ သရုပ်ဆောင်လင်းဇာနည်ဇော်က

“လက်ရှိ မလင်းတို ့ဘိုးဘွားရိပ်သာမှာ နေထိုင်နေကြတဲ့ အနုပညာအဖိုးအဖွားများကို လာရောက်အားပေးနှစ်သိမ့်ရင်း လိုအပ်သည်များကိုလည်း တတ်အားသရွေ ့လှူဒါန်းပေးကြပါရန် အနုပညာမိတ်ဆွေများနှင့်တကွ အလှူရှင်များအားလုံးကို ဖိတ်ခေါ်ပါတယ်ရှင်” လို ့ရေးသားထားပါတယ်။

လှူဒါန်းလိုပါက ဆက်သွယ်ရန်ဖုန်းနံပါတ်များမှာ 095003694 နှင့် 095012011 ဖြစ်ပါတယ်။ သက်ကြီးဘိုးဘွားများကို ကူညီစောင့်ရှောက်ပေးခြင်းဟာ အရမ်းကို မွန်မြတ်လှတဲ့ ကုသိုလ်ကောင်းမှုဖြစ်တဲ့အတွက် ပရိသတ်ကြီးကလည်း ဒီအကြောင်းအရာကို Share ပေးခြင်းဖြင့် ကူညီပေးနိုင်ပါတယ်နော်။

Source: Lin Zar Ni Zaw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။