ကမ္ဘာတစ်လွှားမှာရှိတဲ့ ထူးခြားဆန်းပြား မွေးမြူရေးခြံများထဲတွင် အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်ရှိ "Armstrong's Cricket Farm" ပုရစ်မွေးမြူရေးခြံကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ပုရစ်တွေကို မွေးမြူထားတယ်ဆိုတာ ဆေးပစ္စည်းတစ်မျိုးမျိုးကို ပြုလုပ်ဖို့အတွက်လည်း၊ ဒါမှမဟုတ် သုတေသန စမ်းသပ်ချက်တွေ ပြုလုပ်ဖို့အတွက်ပဲလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ သေချာတာကတော့ ပုရစ်တွေကို ကြော်စားဖို့တော့မဟုတ်ပါဘူး။ ထိုပုရစ်မွေးမြူရေးခြံကို ပုရစ်ဂေဟာလို့ လူသိများကြပါတယ်။ ဘာကြောင့် ပုရစ်ဂေဟာ ဖြစ်လာရလည်း ဆိုတာကို အကျဉ်းချုပ်ပြီး ဖော်ပြပေးလိုက်ပါတယ်။

photo credti pngtree

အမှန်တစ်ကယ်တော့ အမ်းစ်ထရောင်း ပုရစ်ခြံဟာ ပုရစ်တွေချည်းပဲ မွေးမြူထားတဲ့ ခြံတစ်ခုတော့ မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အဲ့ခြံက ပုရစ်တွေကို ငါးစာအဖြစ် အဓိက အသုံးပြုရန် စုဆောင်းထားတဲ့ နေရာမလို့ပဲဖြစ်ပါတယ်။ ငါးစာခြံလို့ ပြောရင်လည်း မမှားပါဘူး။ ထိုခြံမှာ ပိုးကောင်နှင့် အင်းစက်မျိုးစုံကို တွေ့ရှိနိုင်သော်လည်း အညိုရောင် ပုရစ်များကိုသာ လူသိများတာကြောင့် ပုရစ်ဂေဟာလို့သာ ခေါ်ဝေါ်သုံးစွဲခဲ့ကြတာ ဖြစ်ပါတယ်။

photo credti pngtree

ထိုပုရစ်ညိုများဟာ သာမာန် ပုရစ်များနှင့် မတူဘဲ ငါးစာအဖြစ် သီးသန့်သုံးသော ပုရစ်မျိုးပဲဖြစ်ပါတယ်။ ငါးများဟာ ပုရစ် ညိုများ၏ လှုပ်ရှားမှု နှင့် အနံ့ကို အခြားငါးစာများထက် ပိုနှစ်သက်ပုံရပါတယ်။ တံငါသည်များကလည်း ပုရစ်ညိုများကို နှစ်သက်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲ့အကောင်လေးတွေက ရန်လည်းမမူတတ်၊ ပြီးတော့ ငါးတွေအကြိုက်ဖြစ်တာမလို့ ငါးမျှားရတာ အဆင်ပြေလွယ်ကူတာကြောင့်ပါ။ တံငါသည်များက ပုရစ်ဂေဟာသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး ဝယ်ယူလေ့ရှိသလို အမ်းစ်ထရောင်း ပုရစ်ဂေဟာ ဝက်ဘ်ဆိုက်ကနေလည်း မှာယူလေ့ရှိတယ်လို့ သိရပါတယ်။ အခုလိုကြားရတော့ ပုရစ်ညိုလေးတွေအတွက် စိတ်မကောင်းစရာပဲနော် ပရိသတ်ကြီး။ နောင်လည်း ထူးဆန်းဖွယ် အဖြစ်အပျက်၊ အကြောင်းအရာလေးတွေကို ရေးသားဖော်ပြပေးသွားမှာမလို့ ဆက်လက်စောင့်မျှော်အားပေးကြပါဦးနော်။

Source မောင် သာ ရှေးဟောင်းသုတေသန

photo credti pngtree

photo credti pngtree

သတင်း ယူရေးခွင့်ပေးတဲ့ "မောင် သာ ရှေးဟောင်းသုတေသန"ကို ကျေးဇူးတင်ရှိပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။