အရုပ်လေးတွေနဲ့ ပတ်သက်ပြီး ရိုက်ကူးပုံဖော်ခဲ့တဲ့ "Toy story" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် oscar ဆုတွေရရှိခဲ့သလို လူကြီးလူငယ်မရွေး နှစ်ခြိုက်စွာ အားပေးခဲ့ကြတာဖြစ်ပါတယ်။ နောက်ဆုံး နံပါတ် 4 အထိ ထွက်ထားပြီး Box Office ရဲ့ ဝင်ငွေအများဆုံး စာရင်းမှာ Top ten နေရာဝင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ကလေးကစားစရာ အရုပ်လေးတွေကို လျော့တွက်လို့ မရပါဘူး။ အခုဖော်ပြပေးမယ့် အရုပ်သုံးရုပ်ရဲ့ ဈေးနှုန်းတန်ဖိုးကို သိသွားမယ်ဆိုရင် ပရိသတ်ကြီး ပိုပြီးသဘောပေါက်သွားမယ်လို့ ယုံကြည်ပါတယ်။

Photo credit Once A Glance Page

"Ghostface doll" လို့အမည်ရတဲ့ ရုပ်ရုပ်ဆိုးဆိုး အရုပ်လေးက ၉လက်မ သာာသာပဲရှိပါတယ်။ ဒါပေမယ့် သေသပ်တဲ့ အနုပညာဖန်တီးမှုတွေကို တီထွင်ထည့်ထွင်းထားတဲ့အပြင် အကန့်အသတ်နဲ့သာ ထုတ်လုပ်ခဲ့တာကြောင့် ထိုအရုပ်လေးကို လယ်ဝယ်ပိုင်ဆိုင်ထားတဲ့ ကလေးတွေဟာ မျက်နှာပွင့်ကြတာဖြစ်ပါတယ်။ ထိုအရုပ်လေးရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၄၉၉ ကျပ်ကျသင့်မှာဖြစ်ပြီး မြန်မာငွေ ၇သိန်းကျော်နီးပါးလောက် ရှိပါတယ်။

Photo credit Once A Glance Page

"Cine maquette" ဆိုတဲ့အရုပ်လေးက "Star Wars" ရုပ်ရှင်ဇာတ်ကားကြီးထဲက ဗီလိန် ဇာတ်ကောင် အရုပ်လေးပဲဖြစ်ပါတယ်။ ဗီလိန် ဇာတ်ကောင်အရုပ်လေးဖြစ်ပေမယ့် ကလေးတွေကတော့ အသည်းစွဲ ကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။ အဲ့အရုပ်လေးကို လူရဲ့ အချိုးအဆစ်နဲ့ အနီးစပ်ဆုံး တူအောင် ထုတ်လုပ်ထားပြီး တန်ဖိုးကြီး အဝတ်တန်ဆာများကို ဆင်မြန်းထားတယ်လို့သိရပါတယ်။ ကလေးတိုင်းက အဲ့အရုပ်လေးကို လိုချင်ကြတာဖြစ်ပြီး ပူဆာခံရတဲ့ မိဘကတော့ သွေးတက်သွားလောက်အောင် ဈေးကြီးပါတယ်။ အမေရိကန်ဒေါ်လာ ၁၅၀၀ ကျသင့်မှာဖြစ်ပြီး မြန်မာငွေနဲ့ကတော့ သိန်း ၂၀ နီးပါးကျော်လောက် ရှိပါတယ်။ နောက်ဆုံးအရုပ်လေးကတော့ Hollywood ပုံပြင်ပြောတဲ့ ဇာတ်ကားတွေထဲက အရုပ်လေးဖြစ်တဲ့ "Beanie Baby" အရုပ်လေးပါ။ ၃၊၄ နှစ်သား အရွယ်လေးတွေ အရမ်းချစ်ကြတဲ့ အရုပ်လေးဖြစ်ပါတယ်။ ထိုအရုပ်လေးရဲ့ တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ ၅၀၀၀ ကျသင့်မှာဖြစ်ပြီး မြန်မာငွေ သိန်း ၇၀ကျော် တန်ဖိုးရှိပါတယ်။

Source Once A Glance Page

Photo credit Once A Glance Page

Photo credit Once A Glance Page
Photo credit Once A Glance Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။