မြန်မာနိုင်ငံ၏ ဘောလုံးအားကစား ယခုထက်ပိုမိုတိုးတက်စေလိုသော ရည်ရွယ်ချက်ကောင်းများဖြင့် AIA Myanmar နှင့် AYA Financial Group (AFG) တို့မှ မြန်မာနေရှင်နယ်လိဂ်အား Co-Sponsor အဖြစ် ပံ့ပိုးသည့် စပွန်ဆာရှစ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ Junction City ရှိ AIA Myanmar ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။  

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

AIA Myanmar နှင့် AYA Financial Group တို့အနေဖြင့် လာမည့်၂၀၂၀ မြန်မာနေရှင်နယ်လိဂ် ၁ ပြိုင်ပွဲ၊ မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲ၊ လူငယ်အမှတ်ပေးလိဂ်ပြိုင်ပွဲများ၊ MFF Charity Cup နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဖလားပြိုင်ပွဲများကို Co-Sponsor အဖြစ် ပံ့ပိုးပေးသွားရန် နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

နိုင်ငံတကာ အသက်အာမခံကုမ္ပဏီ AIA အနေဖြင့် ပရီးမီးယားလိဂ်ကလပ် တော့တင်ဟမ်ဟော့စပါး အသင်းအား အဓိကစပွန်ဆာအဖြစ် ပေးအပ်ထားပြီး ယခုအခါ မြန်မာ့ဘောလုံးအားကစား ကဏ္ဍအတွက် Co-Sponsor အဖြစ် ပူးပေါင်း ဆောင်ရွက်လာခြင်းလည်းဖြစ်ပါတယ်။ AYA Financial Group အနေဖြင့် မြန်မာ့ဘောလုံးအားကစားအတွက် မူလကတည်းက မြန်မာ့လက်ရွေးစင်အသင်းများ၊ လူငယ်လက်ရွေးစင်အသင်းများနှင့် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်များကို အစဉ်တစိုက် ပံ့ပိုးပေးလျက်ရှိသည့် လုပ်ငန်းစုကြီး ဖြစ်ပါတယ်။

source: Myanmar National League 's facebook 

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။