မာရီယိုလေးကတော့ မြန်မာပရိတ်သတ်တွေရဲ့ အသည်းစွဲမင်းသားတစ်လက်လို့တောင်ပြောလို့ရပါတယ် ။

Pee Mak ဇာတ်ကားနဲ့ ရုံပြည့်ရုံလျှံ အားပေးမှု ရခဲ့သူပါ ။

သူရဲ့ အမည်ရင်းကတော့ Nutthawuth Maurer တဲ့ !

Mario ဒါမှမဟုတ် OH လို့လဲ လူသိများပါတယ် ။

December 4, 1988 မှာမွေးဖွားပြီး ထိုင်း - တရုတ် - ဂျာမန် သွေးနှောပါတယ်တဲ့ ။

အရပ်ကတော့ ၅ ပေ ၁၀ လက်မ ရှိပါတယ်။ အကိုတစ်ယောက်ရှိပြီး အကိုအမည်က Marco ပါတဲ့။ သွေးအမျိုးအစားကတော့ O သွေးပါ ။ အရင်ကတော့ ချစ်သူရှိခဲ့ဖူးပြီး အခုကတော့ Single ပါပဲတဲ့။ ၁၆ နှစ်ထဲက မော်ဒယ်အဖြစ် စလုပ်ခဲ့ပြီး ၂၀၀၇ မှာ ခေါင်းဆောင်မင်းသားအဖြစ် ရိုက်ကူးခဲ့တဲ့ ဇာတ်ကား The Love of Siam နဲ့ လူသိများလာခဲ့တာပါ။ ၂၀၁၀ မှာတော့ မြန်မာပရိတ်သတ်တွေ တော်တော်များများလဲ ကြိုက်နှစ်သက်ကြတဲ့ First Love (A Little Thing Called Love) ဇာတ်ကားနဲ့ အောင်မြင်မှုရရှိခဲ့ပါတယ်။ သူဟာ Channel 3 ရဲ့ 4+1 အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ အခြားအဖွဲ့ဝင်တွေကတော့ Nadech Kugimiya, Prin Suparat, Pakorn Chatborirak နဲ့ Phupoom Phongpanu တို့ပါ ။

၂၀၁၃ မှာတော့ မာရီယိုဟာ သူ့အမည်နဲ့ Mario Maurer for Men ကိုယ်ပိုင်ရေမွှေးကိုထုတ်လုပ်ခဲ့ပါတယ် ။

ကြော်ငြာတွေလဲ အများကြီးရိုက်ပြီး ဆုတွေလဲ ရရှိခဲ့ပါတယ် ။ ထိုင်းနိုင်ငံမှာကို အရမ်းအောင်မြင်ကျော်ကြားတဲ့ မင်းသားတစ်လက်ပါ ။

အလုပ်ကြိုးစားလွန်းလို့ အိပ်ချိန်နည်းပါးတဲ့ သူဟာ ရတဲ့အချိန်မှာ ရောက်တဲ့နေရာ ရသလိုအိပ်တတ်ပါတယ်တဲ့ ။ လက်ရှိမှာ မြန်မာနိုင်ငံကို နှစ်ခေါက်ရောက်ဖူးပြီးပါပြီ ။

မြန်မာမုန့်ဟင်းခါးကိုကြိုက်နှစ်သက်ပြီး အခွင့်အရေးရရင် မြန်မာပြည်မှာ ရုပ်ရှင်ရိုက်ချင်ပါတယ် လို့လဲ ပြောခဲ့ပါတယ် ။ မကြာတော့တဲ့ အချိန်မှာပဲ မြန်မာနိုင်ငံကို နောက်တစ်ခေါက်ထပ်လာရောက်ဖို့လဲရှိနေပါတယ်တဲ့ ။ 

သူ့ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကတော့

Love of Siam

Step Up 2

Friendship

Sakuljaroensuk and Chalermpon Thikumporn

4 Romance

Buppah Rahtree Phase 3.1 (บุปผาราตรี 3.1)

Buppah Rahtree Phase 3.2 (บุปผาราตรี 3.2)

First Love with Fern Pimchanok Leuwisedpaiboon

The Dog with Pakorn Chatborriruk & Koteee Aramboy

SaRaNair Siblor

McIntosh

SaRaNair Hen Pee

Silachai, Patcharapa Chaichua

Bangkok Kung Fu with Pae Arak Amornsupasiri

My True Friend

Rak Sud Teen

Jan Dara: The Beginning (Jan Dara Part 1)

Pee Mak Phra Khanong 2013

Jan Dara 2 : The Finale

Take Me Home

သူပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွဲတွေကလည်းအများကြီးပါပဲ ... ။

Tai Fah Tawan Diow

Plerng Torranong

Ruk Kerd Nai Talad Sode

Madam Dun

The Rising Sun

Tameeruks

The Rising Sun

Song Huajai Nee Puea Tur

Bunlang Dok Mai

Buang Banjathorn

မာရီယိုရဲ့ ပရိတ်သတ်လေးတွေ သူ့ဇာတ်ကားတွေထဲက မကြည့်ရသေးတာလေးတွေရှာကြည့လို့ရပြီပေါ့နော် ။

သူ့ကိုကြိုက်တဲ့သူတွေရှိလား ပြောသွားကြည့်ပါလား ?

Source : sharerice

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။