မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် MPT Myanmar National League 2020 ရာသီအတွက် ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများအနေဖြင့်ကစားသမား မှတ်ပုံတင်ရာတွင် အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ် စာတမ်းအပြင် ကျန်းမာရေး ဆေးစစ်ချက်မှတ်တမ်းကိုပါ ပူးတွဲတင်ပြရမည်ဖြစ်ရာ ရာသီသစ်မတိုင်မီ ကျန်းမာရေးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ ကစားသမားများအား ကျန်းမာရေး စစ်ဆေးခြင်းကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းကို ဆေးစစ်မှုများ ပြုလုပ်ခဲ့ပါတယ်။ ယင်းသို့ ဆေးစစ်မှုပြုလုပ်ရာတွင် ကစားသမားများ ဒဏ်ရာအနာတရကင်းစင်မှု၊ နှလုံးကြံ့ခိုင်မှု၊ ကြွက်သားကြံ့ခိုင်မှုနှင့် သွေးဖောက်စစ်ဆေးမှုများကို ပြုလုပ်ခြင်းဖြစ်ပါတယ်။

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

ဟံသာဝတီယူနိုက်တက်အသင်းအနေနဲ့ ပြီးခဲ့တဲ့ အမှတ်ပေးရာသီက ခြေစွမ်းကောင်းတွေကို ပြသထားနိုင်သလို အဆင့် ၂နေရာနဲ့ ပိတ်သိမ်းနိုင်ခဲ့ပါတယ်။ ဟံသာဝတီယူနိုက်တက်အသင်းအနေနဲ့ ကစားသမားအသစ်တွေကိုခေါ်ယူထားပြီး လက်ရှိရာသီအတွက် ကြိုတင်ပြင်ဆင်နေကာ ခြေစမ်းပဲတွေကို ကစားလျက်ရှိနေပါတယ်။

source: Myanmar National League 's facebook

photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook
photo credit : Myanmar National League 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။