မရိုးတဲ့ ဒီဇိုင်းတွေ function တွေနဲ့ အတူပေါ်ထွက်လာဦးမယ့် Vivo S1Pro လေးနဲ့ မိတ်ဆက်ပေးပါရစေ။ “ Upgrade Your Style” ဆိုတဲ့အတိုင်းပဲ လူငယ်တွေကို အကြိုက်တွေ့စေမယ့် Vivo ရဲ့ S Series တစ်ခုဖြစ်တဲ့ Vivo S1Pro ပဲဖြစ်ပါတယ် ။ အရင်ဆုံးပြောချင်တာကတော့ 9V 2A, Type –C အမျိုးအစား အားသွင်းမြန်တဲ့ Battery ပါဝင်ခြင်းပါပဲ။ 4500 mAh နဲ့ Dual Engine Fast Charging ဆိုတာကလည်း အားလုံး Ok စေဖို့ အချက်ပါပဲ။ Camera ပိုင်းမှာတော့ Front 32MP / Rear 48MP+8MP+ 2MP+ 2MP (Super Macro, Super Wide Angle, Pose Mater) ဆိုပြီး Camera ၄ လုံးတောင် ပါဝင်ထားပါတယ်။

Photo Credit:Myanmarload
Photo Credit:Myanmarload

Gamer တွေအတွက်လည်း Ultra Game Mode, Multi Turbo, Voice Changer, နဲ့ Dark Mode တို့လည်း ပါဝင်ပါသေးတယ်။ လှပဆန်းသစ်တဲ့ ဒီဇိုင်းတွေအပြင် သစ်လွင်တောက်ပနေတဲ့ Mystic Black (အနက်) နဲ့ Dreamy White (အဖြူ) အရောင်နှစ်မျိုး ထွက်ရှိလာမှာဖြစ်တာကြောင့် စိတ်ကူးနဲ့တင် S1Pro ကတော့ လန်းနေပါပြီနော်။

Photo Credit:Myanmarload
Photo Credit:Myanmarload

မျက်နှာပြင်ကတော့ ၆.၃၈ လက်မ ဖြစ်ပြီး Full HD+Super AMOLED အပြင် ကင်မရာဒီဇိုင်းက စိန်ပွင့် ဒီဇိုင်း ပုံဖော်ထားတာမို့ စိန်တုံးလေးတွေကို စီခြယ်ထားသလို တလက်လက် တောက်ပနေစေဦးမှာပဲ ဖြစ်ပါတယ်။ ဖုန်းတစ်လုံးရဲ့ လုံခြုံမှုအရ လက်ဗွေစနစ်ကို ထည့်သွင်းထားတယ် ဆိုတော့ S1 Pro မကိုင်ရင် ခေတ် နောက်ကျ ကျန်ရစ်မယ်နော် … ဒါ့ကြောင့် မကြာခင် မိတ်ဆက်တော့မယ် vivo S1 Pro ကို စောင့်မျှော်ရင်း pre order လက်ခံတဲ့အခါ အားပေးလိုက်ကြရအောင်နော် …

Photo Credit:Myanmarload
Photo Credit:Myanmarload
Photo Credit:Myanmarload

Photo Credit:Myanmarload

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။