ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်အဖြစ် ပရိသတ်ချစ်ခင်အားပေးမှုရရှိထားတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာ အနုပညာအသိုင်းဝိုင်းမှာသာမက လူမှုဆက်ဆံရေးနယ်ပယ်မှာလည်း တော်တဲ့သူဖြစ်ပါတယ်။

ကွီးစိုင်းဟာ သူ့ကို ပုဂ္ဂိုလ်ရေးအရ မနာလိုတဲ့သူတွေရှိပေမယ့်လည်း စိတ်လိုက်မာန်ပါ တုန့်ပြန်ခြင်းမရှိခဲ့သလို သွယ်ဝိုက်တဲ့နည်းနဲ့ပဲ ပညာသားပါပါ ပြောဆိုချေပတတ်တာပါ။ ဒါ့ကြောင့်လည်း နှုတ်ခမ်းနီမလေးတွေအသဲစွဲဖြစ်နေရတာပေါ့ ။

ဒီနေ့မေလ(၁၆)ရက်မှာတော့ ကွီးစိုင်းတစ်ယောက် အနုပညာရှင်တိုင်းပါဝင်လှုံ့ဆော်ကြတဲ့ ယာဉ်အန္တာရာယ်ကာကွယ်ဖို့ထိုင်ခုံခါးပါတ်ပတ်ဖို့ကမ်ပိန်းမှာ သူကိုယ်တိုင်လည်း အခုလို ပါဝင်တိုက်တွန်းထားပါတယ်။

“တန်ဘိုးရှိတဲ့အသက်တွေမဆုံးရှုံးဖို့ထိုင်ခုံခါးပါတ်ပါတ်ကြစို့

With Big Love

စိုုင်းစိုင်း

*Campaign အတွက် ကားရပ်ပြီး ဓာတ်ပုံရိုက်တာပါ

အမှန်က ကားမောင်းရင်း ဖုန်းလည်းမသုံးရပါ း)

#DriveSafelyUseSeatBeltCampaign””

ကွီးစိုင်းဟာ သူကိုယ်တိုင်ကားကိုမောင်းနေရင်းအခုလို ခါးပတ်ပတ်ကြဖို့ ဓာတ်ပုံရိုက်ကာ ကြော်ငြာဝင်လိုက်တဲ့သဘောပါ။ ဒါပေမယ့် ကားမောင်းရင်း ဓာတ်ပုံရိုက်တယ်ဆိုပြီး သူ့ကို စောဒကတက် ဝေဖန်မယ့်သူတွေရှိနိုင်တာကို ကြိုသိနေပုံပါပဲ။

ဒါ့တွေကြိုမြင်နေတဲ့ ကွီးစိုင်းတစ်ယောက် “*Campaign အတွက် ကားရပ်ပြီး ဓာတ်ပုံရိုက်တာပါ အမှန်က ကားမောင်းရင်း ဖုန်းလည်းမသုံးရပါ း)”” လို့ တခါတည်းရေးလိုက်တယ်လို့ ထင်ပါတယ်။

အနုပညာလောကမှာ ကိုယ့်ကိုလိုလားတဲ့သူတွေရှိသလို ဝေဖန်တိုက်ခိုက်သူတွေရှိလို့ ကွီးစိုင်းကတော့ ဒီလိုဝေဖန်ခံရတဲ့ဒဏ်တွေကို ရိုးနေလောက်ပါပြီ။

သွယ်ဝိုက်တဲ့နည်းနဲ့ပဲ ပညာသားပါပါ တုန့်ပြန်တတ်တာကတော့ သူ့ရဲ့ ပါးနပ်မှုလို့ချီးကျုးရမှာပဲ။ 

သတင်းအရင်းမြစ် sai sai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။